အပိုင်း(၅)
..............................
ဝေယံမင်း
ကပွဲမှလူတွေကိုကြည့်ရင်းနှင့်ခေါင်းကမူးနောက်နောက်ဖြစ်နေကာ ချွေးစေးတွေလဲထွက်နေသည်။အန်ချင်သလိုလိုဖြစ်နေကာ အန်တော့မထွက်ပဲအီလည်လည်ကြီးဖြစ်နေလေသည်။ မောင် ကစိုးရိမ်တကြီးမေးကာ မုန့်သွားယူပေးနေတော့ ငါ့ကိုချစ်ရှာတာပဲဟုတွေးမိကာ ကြည်နူးနေမိသည်။
ထိုစဉ်
"မင်းသားလေး...မိဖုရားကြီးကလွှတ်လိုက်တာပါ မင်းသားလေးပုံစံကြည့်ရတာ မကျန်းမာတဲ့ပုံမို့ စမ်းသပ်ခိုင်းလိုက်တာပါ။"
သမားတော်ကြီးကပြောလာတာမို့ လက်ကောက်ဝတ်လေးကိုအသာရှေ့တိုးပေးလိုက်တော့ စမ်းသပ်နေလေသည်။
အခုထိကို အရိပ်တကြည့်ကြည့်စောင့်ရှောက်ပေးနေတဲ့မယ်တော်ပါပဲ။ ကျွန်တော်ဘာဖြစ်နေလဲဆိုတာကိုလဲ အမြဲတမ်းသိနှင့်နေသည့်မယ်တော်ပါ။
မယ်တော့်ကိုကျေးဇူးတင်သည့်အပြုံးနှင့်လှမ်းကြည့်လိုက်တော့ မယ်တော်က မေးဆတ်ပြကာ ဘာဖြစ်တာလဲဆိုသည့်သဘောမေးလေသည်။ ကျွန်တော်ခေါင်းခါပြလိုက်သည်။ ဘာဖြစ်နေမှန်းကျွန်တော်လဲမသိဘူးလေ။
ခဏနေတော့ သမားတော်ကြီးမှစမ်းသပ်ပြီးသွားကာ ကျွန်တော့်ကိုယ်ရံတော်ကို တိုးတိုးကပ်ပြောလိုက်သည်။ ကျွန်တော့်ကိုယ်ရံတော်ကအနားကပ်လာကာ
"မင်းသားလေးမှာ ကိုယ်ဝန်ရှိနေပါပြီတဲ့"
ရင်ထဲမှာကြည်နူးခြင်း၊ဝမ်းသာခြင်းတွေပြည့်လျှံသွားသည်။ မောင့်ကို လှမ်းကြည့်လိုက်မိတော့ မောင်ကပြန်ပြုံးပြကာ ကျွန်တော့်ဆီပြန်လျှောက်လာနေသည်။
အားလုံးလဲသူ့နေရာသူပြန်ကုန်ကြတာမို့ အနားမှာဘယ်သူမှရှိမနေတော့။
မောင်ကမုန့်ပန်းကန်ကိုခုံလေးပေါ်တင်ကာ ကျွန်တော့်နဖူးမှချွေးတို့ကိုအသာအယာသုတ်ပေးနေလေသည်။
"ဝေယံ့မှာကိုယ်ဝန်ရှိနေပြီ"
မောင့်မျက်နှာမှာမယုံနိုင်ခြင်းတွေဖြစ်ပေါ်သွားသည်။