Unicode Part 3

209 7 0
                                    

အပိုင်း(၃)

ဝေယံမင်း

ထုရိုက်နေတာတောင်မှ သူက အောက်ပြန်ချမပေးပါ။ သူ့ကိုရေထဲကပြန်ဆယ်ပေးပြီးကတည်းက မေ့မျောနေသောသူ့ကိုကြည့်ရင်းရင်ခုန်နေရတာဖြစ်သည်။သူသတိရလာရင်ပြန်သွားမှာကိုစိတ်ပူမိနေသေးသည်။အခုလဲကြည့် အင်္ကျီတွေချွတ်လိုက် အောက်က ဝတ်ထားတာတွေချွတ်လိုက်နှင့် လူကိုလဲဘယ်လိုတွေလုပ်နေမှန်းမသိ....

ရင်တွေတဒိန်းဒိန်း ခုန်ကာမျက်နှာတွေပူနေမိသည်။

ကျွန်တော်က ဒီတိုင်းပြည်ကမင်းသားလေးဆိုတော့ သူက ကျွန်တော့်ရဲ့ကြင်ယာတော်ဖြစ်ရမှာပဲလေ...

အဲ့ဒီလိုခေါ်တာကိုမကြိုက်ဘူးတဲ့...ဘယ်လိုလူမှန်းလဲမသိပါဘူး...

အခုလဲ ရေချိုးခန်း ထဲကိုအတင်းခေါ်နေသည်။ သူ့ဘာသာရေချိုးမှာချိုးတာမဟုတ်ဘူး...

ရေချိုးခန်းထဲရောက်တာနှင့်တံခါးကိုခြေထောက်နှင့်နောက်ပြန်ကန်ကာပိတ်လိုက်သည်။

"ကျန်နေတာတွေပါချွတ်လိုက်လေ..."

သူကပြောရင်းနှင့် လူကိုအောက်ချပေးလေသည်။

ကျွန်တော်ပြေးဖို့ခြေလှမ်းပြင်လိုက်တာနှင့်သူကဖမ်းဆွဲထားကာ...

လူကို အငမ်းမရ လိုက်ကြည့်နေသည်။ရှက်လွန်းတာကြောင့် မျက်နှာလဲဘယ်ဝှက်ထားရမှန်းမသိ...တစ်သက်နှင့်တစ်ကိုယ် အခုလိုမျိုးလဲတစ်ခါမှမခံစားဖူးပါ။

ငါကမင်းသားလေးပဲ ...သူ့ကိုဘာလို့ကြောက်ရမှာလဲ...

အားတင်းကာ ခေါင်းကိုမော့၍ သူ့ကိုပြန်ကြည့်လိုက်သည်။

သူက ချက်ချင်းပဲအားမလိုအားမရဖြစ်သလိုမျိုးလူကို ဆွဲယူကာ ခုနကလိုအတင်းပါးစပ်ချင်းတေ့ပြီး .....

ဘာတဲ့....သူပြောတာတော့... ချစ်လို့နမ်းတာဆိုလားပဲ

ဘာမှန်းတော့မသိပေမဲ့ လူက ကတုန်ကယင် တွေဖြစ်လာရပြန်ကာ သူ့လက်ထဲမှာပျော့ခွေချင်သလိုဖြစ်လာသည်။

..................................

နေရောင်ဝါ

ခေါင်းလေးငုံ့နေပေမဲ့ ဘာတွေစဉ်းစားနေမှန်းမသိ မျက်ခုံးလေးတွေတွန့်သွားလိုက် ပါးလေးတွေနီလာလိုက်နဲ့မို့ သူပြန်မော့အကြည့်မှာ ဖက်နမ်းပစ်လိုက်သည်။

ကျွန်တော်နှင့်မင်းသားလေးDonde viven las historias. Descúbrelo ahora