Season 2(part 3)

546 20 4
                                    

အေးချမ်းလှတဲ့ဒီမြို့​လေးကိုကျ​နော်​နှစ်​သက်​မိသည်​​လေ။
မွေးရပ်​​မြေဖြစ်​တဲ့အပြင်​ကျ​တော့်​မိဘ​တွေ​ခေါင်းချသွားတဲ့ဤ​နေရာ​လေးကိုတစ်​နှစ်​တစ်​ခါ​တော့​ရောက်​​အောင်​ကျ​နော်​လာဖြစ်​သည်​။

ခါတိုင်းဆိုတစ်​​ယောက်​တည်းအထီးကျန်​​နေတတ်​​ပေမယ့်​ဒီ​နေ့​တော့ကျ​နော့်​အချစ်​ဆုံး​လေးလည်းပါတာမို့ဘာရယ်​မဟုတ်​စိတ်​ထဲမှာ​တော့ကြည်​နူး​နေမိတယ်​။

အ​တွေးထဲမှာနစ်​​မြော​နေတတ်​တဲ့ကျ​နော့်​ရဲ့​ကျောပြင်​ကို​နောက်​က​နွေး​ထွေးလွန်းတဲ့ရင်​ခွင်​ပိုင်​ရှင်​က​ထွေး​ပွေ့လိုက်​မှယခုလက်​ရှိအချိန်​ကိုပြန်​​ရောက်​လာ​တော့သည်​။

စကားစလိုက်​တဲ့ကျ​နော့်​ရဲ့က​လေးက...

Hun-"hyung ကျ​နော်​တို့ဒီ​နေရာ​လေးကို အမြဲလိုလို​ရောက်​​အောင်လာမယ်​​နော်​"

ကျ​နော်​​ကျေနပ်​ပါသည်​​လေ။ဘာ​ကြောင့်​လဲဆို​တော့ကျ​နော်​နဲ့ထပ်​တူသူကဒီမြို့​လေးကိုနှစ်​သက်​သည်​​လေ။

Hun-"hyung ကျ​နော်​​ပြောတာကြားလားလို့"

Baek-"hak ကြားပါတယ်​​ hun ​လေးရယ်​ hyung တစ်​ခုကို​တွေးလိုက်​မိလို့ပါ"

Hun-"nae?"

Baek-"hyung တို့ခြံကိုhun ကို​ခေါ်သွားရင်​​ကောင်းမလားလို့ ​တွေး​နေမိတာ"

Hun-"jinja? ကျ​နော်​တို့သွားလည်​ရ​အောင်​​လေ​နော်​ ​နော်​လို့"

Baek-"ဟုတ်​ပါပြီကွာ ည​နေကျရင်​သွားကြမယ်​​လေ"

Hun-"nae"

ပြုံးပြီး​ပျော်​သွားတဲ့ကျ​နော့်​​ရှေ့ကက​လေးသည်ဒီ​​လောက်​က​လေးဆန်​မယ်​လို့ကျ​နော်​ယခင်​ကမ​တွေးမိခဲ့သည်​မှအမှန်​ပင်​။

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

နေဝင်​ဆည်းဆာ​အောက်​က စပျစ်​ခြံကြီးထဲမှာ တစ်​​ယောက်​လက်​ကိုတစ်​​ယောက်​ကိုင်​ရင်း လမ်း​လျှောက်​​နေကြတဲ့​ကောင်​​လေးနှစ်​​ယောက်​ရှိသလိုသူတို့ကို​နောက်​က​နေ​နောက်​​ယောက်​ခံလိုက်​​နေတဲ့လူတစ်​​ယောက်​လည်းရှိ​နေမယ်​ဆိုတာဘယ်​သူမှမြင်​မိကြမှာမဟုတ်​ပါဘူး....

Hun-"hyung ကျ​နော်​တို့​နောက်​ကိုတစ်​​ယောက်​​ယောကိလိုက်​ကြည့်​​နေသလိုခံစားရတယ်​"

Baek-"မဟုတ်​​လောက်​ပါဘူး hunnie ရယ်​ hyung တို့ခြံကအဲ့လိုပါပဲ အလုပ်​သမား​တွေနဲ့ဆို​တော့"

Hun-"nae ဟုတ်​မှာပါ hyung ကျ​နော်​တို့ဟိုအပင်​​အောက်​မှာထိုင်​ရ​အောင်​​လေ"

Baek-"omm hun သ​ဘောပါ"

အပင်​ကြီးက သစ်​ကိုင်းသစ်​ရွက်​​လေး​တွေနဲ့ ပြည့်​စုံ​နေတာမို့အရိပ်​​ကောင်း​ကောင်းရသည်​​လေ။

ဒီရက်​ပိုင်းပင်​ပန်စရာ စိတ်​ရှုပ်​စရာ​တွေကို ဒီအပင်​ကြီးက​ဖေ​ဖျောက်​​ပေးလိုက်​သလိုခံစားမိသည်​။

Hun-"hyung ကျ​နော်​ hyung ​ပေါင်​​ပေါ်မှာ​ခေါင်းတင်​ပြီးခဏ​လောက်​အိပ်​ချင်​တယ်​"

Baek-"အိပ်​ပါဗျာ"

လှဲအိပ်​ပြီး​နောက်​ မျက်​လုံးတစ်​စုံ၌မြင်​လိုက်​ရတဲ့ hyung ရဲ့မျက်​နှာ​လေးသည်​ အလွန်​​ချောလွန်းသည်​။

ဘာမှမလို​အောင်​ကိုပင်​ပြည့်​စုံ​နေတဲ့ ထိုမျက်​နှာ​လေးသည်​ ကျ​နော့်​နှလုံးသားကိုထပ်​ကာထပ်​ကာနိုးထ​လာ​စေ​တော့သည်​။

ကျ​နော့်​ဆံပင်​ကိုသပ်​တင်​​ပေး​နေတဲ့ hyung ရဲ့လက်​​တွေကိုကျ​နော်​မြတ်​နိုးမိသည်​။ထို​လက်​​လေး​တွေကိုကိုင်​ခွင့်​ရတဲ့အတွက်​လည်း​ပျော်​မိသည်​။

နှုတ်​ခမ်း​လေးနဲ့ နှုတ်​ခမ်းထက်​မှဲ့နက်​​လေးရဲ့ပိုင်​ရှင်​ကကျ​နော်​ဆိုတာသိခဲ့ရသည့်​အချိန်​ကျ​နော်​သည်​ဒီ​လောကမှာကံအ​ကောင်းဆုံးဟုပင်​ထင်​မိလာပါသည်​။

နှလုံးသားက​တောင်းဆို​နေတာ​ကြောင့်​လူကိုအလုပ်​​ပေးကာhyung ရဲ့နှုတ်​ခမ်းရဲရဲ​လေးကိုနမ်းလိုက်​​တော့ကျ​နော့်​ကိုထပ်​တူပြန်​နမ်း​တဲ့နှုတ်​ခမ်းတစ်​စုံကိုမြတ်​နိုးမိသည်​။

သေချာပါသည်​။ထိုသူကိုလက်​လွတ်​ဖို့ရာဒီတစ်​သက်​​တော့ကျ​နော့်​ဖို့မဖြစ်​နိုင်​​တော့ဘူးရယ်​....

#ဒီ​​နေရာ​လေးကိုကျ​နော်​တို့ရဲ့အချိုမြိန်​ဆုံးအားလပ်​ရက်​အဖြစ်​ဖန်​တီးဖို့လာခဲ့သည်​​လေ။

ဤသည်​သာမကကျ​နော့်​ရဲ့အသက်​ထက်​ချစ်​ရသူကသည်​​နေရာ​လေးမှာပင်​တစ်​သက်​မ​မေ့နိုင်​​အောင်​အမှတ်​တရများပြန်​ကာလက်​​ဆောင်​​ပေးခဲ့ပြန်​သည်​။#

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

Update^ဒီ fic ​လေးဖတ်​ပြီရင်​ My turn to cry ဆိုတဲ့ fic ​လေးလဲသွားဖတ်​​ပေးကြပါဦး​နော်

My Love is my father's first love(Completed) Donde viven las historias. Descúbrelo ahora