Lose ( satzu datzu saida )

4K 93 7
                                    

Lose ( Satzu,  Saida,  Datzu)

'' လမ်းခွဲရအောင်..´´

ကျောင်းဝတ်စုံနဲ့ကောင်မလေးနှစ်ယောက်ဟာ ပတ်ဝန်းကျင်ရာသီဥတုနဲ့ပြိုင်ပြီး လှပနေပေမဲ့ နှစ်ဦးစလုံးရဲ့ခံစားချက်ကအကျည်းတန်လို့နေသည်....

စကားတစ်ခွန်းပဲပြောပြီးကျောခိုင်းသွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကျောပြင်ကိုတော့ကျန်တစ်ယောက်က ငေးကြည့်နေရင်းပြုံးသည်....ပြုံးသည်ဆိုတာထက် ပါးပြင်ထက်ကျလာသော မျက်ရည်တို့ကိုပျက်ရယ်ပြုသလိုအပြုံးမျိုး....နာကျင်မှုကိုအများမမြင်အောင်မျိုသိပ်လိုက်တဲ့အပြုံးမျိုး.....

Years Later >>>>>>>>>>>

'' Tzuyu ya...´´

Tzuyu ပိတ်ရက်ဖြစ်တာကြောင့် အိပ်ရာမထသေးပဲအပျင်းကြီးကာ ဆက်အိပ်နေရင်း အခန်းထဲဝင်လာသော သူ့ရဲ့ချစ်သူအသံကြောင့်ပြုံးကာ စောင်ကိုခေါင်းအထိဆွဲခြုံလိုက်သည်......

'' ဘာလဲ....စောင်တောင်ဆွဲခြုံသွားတယ်ဆိုတော့ နိုးနေပြီမလား...ထတော့ကွာ..´´

ပြောပြီးစောင်ကိုအတင်းဆွဲနေသော သူမကြောင့် သူလဲအားနဲ့တောင့်ကာပြန်ဆွဲထားကာ စနေသည်....ခဏကြာတော့ သူမက စိတ်တိုသွားသည်ထင်သည်...စောင်ခေါင်းမြီးခြုံထားတဲ့သူ့အပေါ် ခွတက်ကာ စောင်ထဲကသူ့ကိုကလိထိုးနေသည်.....

'' ဟား ဟား....ထပြီ ထပြီ...´´

စောင်ခြုံထဲကထွက်ပြီး သူ့အပေါ်ခွတက်ထားသော ဖြူဖြူဖွေးဖွေးကောင်မလေးကို ဆွဲဖက်လိုက်ရင်း သူ့ဘေးလှဲစေသည်.....

'' Tzuyu ya...ဒီနေ့ Hyunnie ရဲ့ အချစ်ဆုံးသူငယ်ချင်းကိုသွားကြိုရမှာမို့ လိုက်ခဲ့ပါဆိုကွာ...´´

Tzuyu သူမရဲ့နဖူးကိုနမ်းလိုက်ပြီး ထကာ ရေချိုးခန်းထဲဝင်သွားလိုက်သည်....  ခွင့်ပြုထားသည်.... သူ့ရဲ့ချစ်သူက Kim Dahyun.....မိဘတွေအစခွင့်ပြုထားသည်.... သူငယ်ချင်းတွေက Hyunnie နဲ့ သူနဲ့ကကွာခြားမှုတွေများတယ်တဲ့....သူတို့ပြောတာလဲ မှန်ပါတယ်လေ Hyunnie ကအသားအရမ်းဖြူသလောက် သူကတော့ မဖြူ အညိုရောင်သမ်းသည်.... သူကအရပ်ရှည်ပေမဲ့ Hyunnie ကတော့ ရင်ခွင်မှီအရပ်လေး.... ဘယ်လောက်ပဲကွာခြားမှုရှိပါစေ Hyunnie ကိုသူအရမ်းချစ်သည် ထိုနည်းတူ Hyunnie ကလဲ သူ့ကိုချစ်သည်.......

Twice Short Fic Myanmar ( Zawgyi +Unicode )Место, где живут истории. Откройте их для себя