Don't Touch Our Baby ( End )

793 56 12
                                    

Don't Touch Our Baby ( End part)

..
..
..မသောက်လိုက်ပါနဲ့....

သောက်လိုက်ပါ.....

နောက်ဆုံးတော့......

Sa တို့ဆုတောင်းမပြည့်ခဲ့ပါ... Tzu ကအချိုရည်အားလုံးကိုသောက်ပစ်သည်... အိပ်ဆေးဖြစ်ပါစေလို့ပဲ ဆုတောင်းတာကိုတော့ပြည့်ဖို့ပဲ ပြန်ဆုတောင်းကြသည်.......

Young Jin က Tzuyu ကို တွဲခေါ်သွားတော့ Sa အမြန်လိုက်သွားသည်....Tzuyu ကိုဖြူစင်တဲ့ကလေး လိုပဲမြင်ချင်သေးတယ် ဘာပဲဖြစ်ပါစေတော့ Jeongyeon တို့အစီစဉ်ကိုမစောင့်နိုင်တော့ပါ....

ပျော့ဖတ်နေသော ကလေးကို တွဲထားတာကြောင့် Mina ပြောတဲ့ ဟိုဆေး မဟုတ်ပဲ အိပ်ဆေးဖြစ်နေနိုင်သည်....

" Young Jin.. "

အခန်းထဲဝင်ဖို့ဟန်ပြင်နေတဲ့ Young Jin ကို သူမခေါ်ဖို့လုပ်လိုက်ပေမဲ့ ကောင်လေးတစ်ယောက်က ခေါ်လိုက်တာကြောင့် မခေါ်တော့ပဲ အကွယ်၌ ရပ်ကြည့်နေလိုက်သည်.....

" ဟင်... Elkie နဲ့ Sally ဘယ်လိုရောက်လာကြတာလဲ..."

သူမတို့ပုန်းနေရာမှာ ကလေး ရဲ့သူငယ်ချင်းနှစ်ယောက်ကိုတွေ့လိုက်တာကြောင့် အံ့သြစွာမေးလိုက်တော့.....

" chaw တို့လဲ အဲ့တစ်ယောက်ကို မသင်္ကာလို့ Unnie Tzuyu ကဒါကိုမရိပ်မိဘူးထင်တယ်...အင်းလေ သူက အများအမြင်မှာသာ လူကြီးလိုလိုနဲ့ ကလေး ပဲကို..."

Sally စကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းကိုသာငြိမ့်လိုက်ကြပြီး ဟိုဘက်ကိုအာရုံစိုက်လိုက်ကြသည်.....

" Oppa....ဘယ်လိုရောက်လာတာလဲ..."

" သူ့ကိုလွှတ်လိုက်...မင်း နဲ့ ငါ လက်ထပ်တော့မှာကို ဘာတွေလျှောက်လုပ်နေတာလဲ..."

" မလွှတ်ဘူး...Chou Tzuyu ကို Young Jin ဆိုတဲ့ကျွန်မပဲပိုင်ရမယ် သူကကျွန်မအပိုင်ပဲ Oppa နဲ့လဲလက်မထပ်နိုင်ဘူး...."

Oppa ဆိုတဲ့ကောင်လေး Young Jin ကိုမနိုင်မှန်းသိလိုက်တာကြောင့် Sa တို့သုံးယောက် သူတို့ရှေ့ရပ်လိုက်တုန်း Young Jin ဆီမှ Tzuyu ကို Elkie နဲ့ Sally တွဲယူလိုက်သည်.....

ရုန်းရင်းဆန်ခတ် ဖြစ်လာသော Young Jin ကြောင့် Oppa ဆိုသော ကောင်လေးက Young Jin ရဲ့ မေ့ကြောကိုရိုက်လိုက်ကာ ပွေ့လိုက်သည်....

Twice Short Fic Myanmar ( Zawgyi +Unicode )Where stories live. Discover now