Acting ( SaChaeng )

604 31 4
                                    

Acting ( SaChaeng )

" Chaeyoung ya..ခဏနေပါဦး.."

Sana တစ်ယောက်ရှေ့ကနေသွားနေတဲ့ Chaeyoung ကိုလှမ်းခေါ်ပေမဲ့ လှည့်ပင်မကြည့်လာတော့ ပြေးသွားပြီးသူ့ရဲ့လက်​မောင်းကိုဖက်တွယ်လိုက်သည်...

" ဘာဖြစ်နေတာလဲ.. စကားလဲမပြောဘူး..ဘာလဲ Mina ကစကားမပြောလို့လား.."

Chaeyoung သူ့လက်မောင်းတို့ကိုဖက်လာသော Sana ကိုတစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး...

" မဟုတ်ပါဘူး...Jeongyeon Unnie ပြောထားတဲ့ကိစ္စစဉ်းစား​နေမိလို့ sorry.."

" Jeong က ထပ်ပြီး သူ့ရဲ့ Baseball Club မှာကူခိုင်းပြန်ပြီလား..."

" အင်း..ဒါနဲ့ မနေ့ကဘယ်သွားတာလဲ..စာမေးဖို့ အိမ်ကိုသွားသေးတယ် Aunty ကအပြင်ထွက်သွားတယ်ပြောလို့..."

သူ့ကိုဖက်တွယ်ထားတဲ့ လက်ကိုလွှတ်ကာ ကျောင်းလွယ်အိတ်ကို စိတ်လှုပ်ရှားနေဟန်နှင့် ကိုင်လိုက်ပြီး..

" Dahyun လာခေါ်လို့လေ...စောင့်နေရောပေါ့ Chaeng ကလဲ...ဒါမှမဟုတ်လဲ Mina ကိုမေးလို့ရတာပဲကို.."

" Dahyun နဲ့ Unnieက.."

" Hey...SaChaeng ငါ့လဲစောင့်ပါဦး.."

Dahyun နဲ့ Unnie တွဲနေတာလားလို့ မေးဖို့လုပ်ပေမဲ့ သူတို့အနောက်ဘက်ကနေအော်ကာ နှစ်ယောက်ကြားဝင်ပြီး လက်တွဲလာသော Nayeon Unnie ကြောင့်ပျက်သွားရသည်...

" Nayeon နဲ့ Chaeng နင်တို့အရင်သွားနှင့်.. ငါလုပ်စရာရှိသေးလို့.."

Sana ကျောင်းဝင်းထဲဝင်သွားသော ကျောပြင်နှစ်ခုကိုကြည့်နေရင်း အနောက်မှသူမပခုံးကို ပုတ်လာတာကြောင့် လှည့်ကြည့်မိသည်...

" Mark.. ဘာပြောမလို့လဲ.."

" Humm..ငါတောင်းထားတဲ့အဖြေလေး.."

" နောက်သုံးရက်နေရင်..."

ပြောပြီးတာနဲ့ချက်ချင်း ကျောင်းထဲဝင်ကာ သူမအတန်းဆီသို့....

__________________________

" Chaeng.. Sana ကိုကြိုက်နေတာလား.."

အတန်းဘက်ဆီလျှောက်လာရင်း Nayeon Unnie ဆီကမေးခွန်းကြောင့် ခြေလှမ်းတို့ကိုခဏရပ်ကာ Unnie ကိုကြည့်လိုက်ပြီး...

Twice Short Fic Myanmar ( Zawgyi +Unicode )Donde viven las historias. Descúbrelo ahora