Hate ( part-3 )

300 24 2
                                    

HATE ( part-3 )

Omma ဆုံးပြီး တစ်လလောက်ကြာတော့ Jeongyeon က Company ကိုလွှဲပြောင်းယူခဲ့သည်...ဒါပေမဲ့ Jeong ကအိမ်ခွဲမသွားပဲ သုံးယောက် အတူနေကြသည်...

" Jihyo "

မနက်စာ စားပွဲဝိုင်းမှာစုံလင်တဲ့နေ့ရှားပါးပေမဲ့ ဒီနေ့တော့ Appa ကြောင့် Jihyo ဆိုင်ကိုစောစောမသွားရပဲ Unnie နဲ့အတူ ထိုင်နေရသည်...

" Nae...Appa "

" Company မှာအလုပ်မဝင်ချင်ဘူးလား..."

Jihyo ကော်ဖီသောက်နေသော Unnie ကိုတစ်ချက်ကြည့်ကာ..

" သမီးမဝင်ချင်ဘူး Appa...ဆိုင်ကိုလဲ Sa တစ်ယောက်တည်းနိုင်မှာမဟုတ်ဘူး..."

" ငါနဲ့ခဏလောက်စကားပြောရအောင်! "

Unnie ဆီမှစကားကြောင့် သူမကြောင်သွားတာတော့အမှန်ပါ...လေး ငါး ခြောက်နှစ်ကြာမှ Unnie ဆီမှ ပထမဆုံးသူမကို ကောင်းကောင်းမွန်မွန်ပြောတဲ့စကား...

ထထွက်သွားသော Unnie နောက် ကြောင်တောင်တောင်နဲ့သာ သူမလိုက်သွားရသည်...အမှန်တော့ သူမ အလုပ်မဝင်ချင်လို့မဟုတ်ပါ သူမ Company မှာအလုပ်ဝင်ရင် Unnie ကသူမကိုတစ်မျိုးထင်သွားမှာ စိုးရိမ်တာကြောင့်ပါ...

" နင့်ဆိုင်ကို Sana တစ်ယောက်တည်းမနိုင်ရင် Nayeon ကိုငါကူခိုင်းလိုက်မယ် သေချာပေါက်နင်က Company မှာအလုပ်ဝင်ရမယ် ကြားလား..."

သူမ အဖြေစကားကိုတောင်ထပ်မစောင့်တော့ပဲ ကားထဲချက်ချင်းဝင်သွားသော Unnie ကြောင့်သူမပြုံးနေမိသည်...Unnie ကအလုပ်ဝင်ခိုင်းမှတော့ သူမကဝင်ရမှာပေါ့ Unnie ရဲ့ ဂရုစိုက်မှု အချစ်တွေရဖို့ သူမကဘာမဆိုလုပ်မဲ့သူဆိုတာ Unnie သိရဲ့လား....

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

" ဆိုတော့ Baby က Jeongyeon shi ရဲ့ Company မှာအလုပ်ဝင်ပြီး Honey ကိုဆိုင်မှာပစ်ထားမယ်ပေါ့.."

Jihyo မိမိရှေ့မှ နှုတ်ခမ်းဆူထော်ကာ မကျေမနပ်ပြောနေသော Sana ကိုကြည့်ကာ ပြုံးလိုက်ပြီး...

" Nayeon Unnie ကလာကူမှာပါ Honey ရဲ့..ပြီးတော့ Baby လဲအလုပ်ပြီးတာနဲ့ ဆိုင်ကိုတန်းလာခဲ့မယ်လေ..စိတ်မဆိုးပါနဲ့ Honey ရယ်နော်..."

Twice Short Fic Myanmar ( Zawgyi +Unicode )Waar verhalen tot leven komen. Ontdek het nu