Crush ( Satzu )
" ဟေ့ကောင်မလေးတွေ ဘာဖြစ်နေကြတာလဲ !!..."
ရန်ဖြစ်နေကြတဲ့ ကျောင်းသားမဟုတ်တဲ့ ကျောင်းသူတစ်စု အနောက်မှ လူကြီးတစ်ယောက်ရဲ့အသံကြောင့် တချိုးတည်းလစ်ပြေးသွား
ံကြသည်.......ပရမ်းပတာတွေဖြစ်ပြီး ကျောင်းဝင်းထဲခပ်တည်တည်ဝင်လာတဲ့ အရပ်ပုပုနဲ့ Fighter လိုလို ကောင်မလေးတစ်ယောက်....
" အမယ်...ဂျပုက ဟိတ်နဲ့ဟန်နဲ့လျှောက်လာတာဟ ခွီး.."
ဟိတ်ဟန်အပြည့်နဲ့လျှောက်လာတဲ့ Chaeyoung မှာတော့ အရှေ့ကိုကြိုရောက်နှင့်နေတဲ့ Tzuyu စကားကြောင့် အောင့်သက်သက်ဖြစ်သွားရသည်....အားအားရှိဒီအရပ်ပဲလာထိခိုက်နေတာ ငကြောက်လောရှည်က 😕
" ဒီငကြောက်ကတော့.."
" ဟျောင့် ..ငါဘယ်မှာကြောက်လို့လဲ ... ရန်ဖြစ်တုန်းကငါ့အနောက်မှာကြောက်ပြီးကုတ်နေတဲ့ သူကများ အံ့ပါရဲ့.."
" အဟမ်း! ဒါကတော့ သူတို့ဘက်ကလူကောင်က နည်းနည်းကြီးသွားလို့ပါဟ "
" Hello "
အသံနှင့်အတူ အနောက်မှပခုံးတို့ကိုဖက်လာသော Kim Dahyun အဖြူကောင်ရဲ့လက်တွေကိုပုတ် ထုတ်လိုက်ပြီး Dahyun လက်ကိုနှစ်ယောက်လုံးဆွဲလိမ်ထားလိုက်ကြသည်...
" အ...အ....အား..နာတယ်ဟ..."
" ငကြောက်ကောင် သူပဲအရင်သွားရန်စထားပြီး ငါတို့နှစ်ယောက်ပဲ ဒိုင်ခံရှင်းလာရတယ်..."
" အ...Tzu ကလဲ..Unnie ကငါ့ကိုရန်မဖြစ်ရ ဘူးလို့ပြောထားလိုပါဟ....အ..အား ..နာတယ်လေ လောရှည်နဲ့ဂျပုရဲ့ ..."
သူ့ရည်းစားကရန်မဖြစ်ခိုင်းလို့တဲ့ အံ့ပါရဲ့ Kim Dahyun ရေ...သူကပဲအရင်သွားရန်စထားပြီး.....
" ဒီကိစ္စကမင်းစထားလို့ဖြစ်တာလေ..ရှောင်ပြေးလို့ရမလား.."
Dahyun ဆွဲလိမ်ခံထားရတဲ့ လက်ကပိုနာလာတာကြောင့် လွတ်နည်းလေးအမြန်ရှာစဉ်းစားမိသည်....ကိုယ်ကလဲ မှားထားသည်မဟုတ်လား ဒီလောရှည်ကျေနပ်အောင် ပြောရတော့မှာပေါ့.....