Run Babe Run! { 1 }( 2yeon )

682 48 22
                                    

Zawgyi ver..

📩📩📩

Message ဝင်သံကြောင့် Nayeon သူငယ်ချင်းနဲ့ စကားပြောတာရပ်လိုက်ပြီး ကြည့်မိတော့ နှာခေါင်းပုံ emojiနဲ့  မှတ်ထားတဲ့ contact ဆီက စာတစ်စောင်...

👃👃📩

Babe စိတ်မကောက်ပါနဲ့တော့ ပြန်လာတော့နော် ❤

" ဟွန်း.. ဘာကိစ္စ ပြန်လာရမှာလဲ..  "

" ဘာဖြစ်လို့လဲ Nayeonnie.. "

လက်ကျန် Cola ကိုမော့လိုက်ရင်း သူမဆီဝင်လာသော Message ကိုပြလိုက်သည်..

" Ya! နင်အိမ်က ဆင်းလာတာလား ? "

Momo ဆီကအမေးကြောင့် Nayeon Cola ကို အေးဆေးပင် သောက်ရင်း..

" အေ.."

" ထားလိုက်ပါ.. သူ့အလုပ်နဲ့သူ ငါ့ကိုအရေးစိုက်အားမှာ မဟုတ်ဘူး.."

" ဘာလို့လဲ.. သူတစ်ခုခု နင့်ကိုလုပ်လို့လား.. "

" ငါနင်နဲ့တူတူ အိပ်ချင်လို့ ပြောတာ ခွင့်မပေးလို့.."

MoMo လဲ Nayeon အဖြေကြောင့် ဆက်မေးမနေတော့ပဲ အရှေ့က Jokbal ကိုသာ စားနေလိုက်သည်..

" နင့် Appa သိပြီးပြီလား..နင် အိမ်ပေါ်က ဆင်းလာတာ"

Nayeon ခေတ္တခဏ ငိုင်သွားရသည်... Yoo Jeongyen နဲ့ သူမက တရားဝင် လက်ထပ်ထားတာ သိပ်မကြာသေး.. Jeongyeon က သူမကို ချစ်သည်..မဟုတ်ဘူး တော်တော်ကိုချစ်တာ.. ဘာကိစ္စပဲဖြစ်ဖြစ် အလိုလိုက်ကာ ချစ်ပေးသည်.. အခုက Momo ဆီမှာ ညအိပ်ချင်လို့ ပြောတာကို ခွင့်မပြုလို့ စိတ်ကောက်ပြီး အိမ်က​နေဆင်းလာခြင်း.. Appa နဲ့ Omma သာသိလို့ကတော့ သူမကိုသတ်မှာ အသေချာပဲ ဘာမဟုတ်တဲ့ ကိစ္စနဲ့ အိမ်ပေါ်က ဆင်းတယ်ဆိုပြီး..

" သခင်မလေး.."

စဉ်းစားနေတုန်း သူမဘေးနားက ညင်သာလွန်းလှတဲ့ ခေါ်သံကြောင့် ဘေးကိုကြည့်မိတော့ ယောက်ျားကြီးတစ်ယောက်က သူမကိုပြုံးပြကာ ဦးညွှတ်နေသည်..

" Nae? လူမှားနေပြီ.."

ခပ်တည်တည်ပင် ပြောလာသော သခင်မလေးကြောင့် Gayoung မှာ ကြောင်တောင်တောင်ပင် ဖြစ်သွားရသည်...

" မမှားပါဘူး.. သခင်မလေးကို Boss က ခေါ်လာခိုင်းလို့ပါ..."

ပြုံးပြုံးလေးပင် ပြောလာသော ထိုလူကြောင့် ဒေါသထွက်လာကာ  သူမရှိသမျှ အကုန်ထောင်သွားသည်..( ဆံပင်ပြောပါတယ် 🙄 )

Twice Short Fic Myanmar ( Zawgyi +Unicode )Dove le storie prendono vita. Scoprilo ora