ကပ်စီးနှဲသောချစ်သူ ( Satzu)

718 48 4
                                    

ကပ်စီးနှဲသောချစ်သူ ( Satzu )

" Tzuyu ya...ဟို Yoda ရုပ်လေးဝယ်ပေးပါလား Tzu ရဲ့ကိုယ်ပွားလေးပေါ့ hee..."

Shopping Centre တစ်ခုလုံးကိုပတ်နေတာ နှစ်နာရီနီးပါးမျှကြာနေပြီဖြစ်သော်လည်း မိမိချစ်သူ Chou Tzuyu ဆီမှ ' ဘာယူမလဲ...ဒါလေးနဲ့လိုက်တယ် ' လို့ပြောဖို့နေနေသာသာ လက်ညှိုးထိုးလိုက်တိုင်း မကောင်းဘူး မလိုက်ဘူး ဘာညာဘာညာ နဲ့ .... ပြီးရင်ရှိပါသေးတယ် တစ်ခါတလေသူပြောတာ ဘာတဲ့ ... ချစ်ပေမဲ့သူ့ပိုက်ဆံအိတ်ကိုတော့မထိပါနဲ့ တဲ့...မြတ်စွာဘုရား သူပြောတဲ့စကားကမသိရင် သူမကပဲမတရားတွေ ဇွတ်တွေ သုံးဖြုန်းနေသလိုလို...😐

" Unnie ကလဲ Tzu ရဲ့ပုံတွေရှိတာပဲ ကြည့်နေလိုက်လေ..."

သိတယ် ...သိတယ် ငြင်းခဲ့ဦးမယ်ဆိုတာ...ဂါး ..Chou Tzuyu မီဝေါ့...
ဒီလိုငြင်းနေတဲ့ Chou Tzuyu ဆိုတဲ့ ချစ်သူကဆင်းရဲတဲ့သူတစ်ယောက်လို့မထင်လိုက်ကြပါနဲ့ရှင်...တကယ်တော့ Boss တစ်ယောက်ပါ ဘာကိုချွေတာပြီး ဘာအတွက်စုဆောင်းနေသလဲ ဆိုတာ သူမဖြင့်လိုက်မမှီနိုင်အောင်ပါပဲ....Minatozaki Sana ဆိုတဲ့သူမကလဲ သူ့ကိုဘယ်လိုချစ်ခဲ့မိပါလိမ့်နော် 😒...

နှစ်နာရီကြာတဲ့အထိ လမ်းလျှောက်ထားရတော့ ခြေထောက်တွေကညောင်းလာသည်...သူ့အရှေ့ကနေ စိတ်တိုသလိုခြေလှမ်းတွေဆောင့်ပြီး အနီးနားက ဖျော်ရည်ဆိုင်ထဲဝင်လိုက်ပြီး အအေးတစ်ခွက်မှာလိုက်သည်... Tzuyu အတွက်လား သောက်ချင်မှာလိမ့်မယ် မမှာပေးဘူး မီဝေါ့ ...

အအေးလာချပေးပြီးလို့သူမသောက်လို့ကုန်ခါနီးအထိ ပေါ်မလာသော Tzuyu ကြောင့် Sana စိတ်တို့ကပိုတိုလာသည်.....

" Unnie ..ဒီမှာကြည့်..."

သူမအရှေ့မှာထိုင်ပြီး လက်မြောက်ပြလာသော အရုပ်ကလေးကိုကြည့်မိတော့ ...

ဒီ Chou Tzuyu ဘာဖြစ်ချင်နေတာလဲ...တကယ်ပဲဘာဖြစ်ချင်နေတာလဲ...

" ဟင် ! Unnie မပျော်ဘူးလား...Unnie ပဲ Yoda ရုပ်ရချင်တယ်ဆို..."

ဂါးးး စိတ်ရှိလက်ရှိအော်ဟစ်ပြီး မျက်နှာကိုဆွဲကုတ်လိုက်ရမကောင်းရှိတော့မယ်....ရှင်တို့ပဲစဉ်းစားကြည့်နော် Yoda ရုပ်ကိုမှ အရွယ်အစားက သော့ချိတ်အရွယ်လောက်လေး...သူ ဘယ်လိုတောင်ရှာဖွေပြီးတွေ့လာတဲ့ အရုပ်တုန်း... { 😆 ရေးရင်းရယ်ချင်လာပြီ }

Twice Short Fic Myanmar ( Zawgyi +Unicode )Nơi câu chuyện tồn tại. Hãy khám phá bây giờ