Satzu

1.6K 77 0
                                    

I Love You Unnie ( satzu one short )

မနက်ခင်းနေရောင်ခြည်တို့က အခန်းထဲတွင်နှစ်ခြိုက်စွာအိပ်ပျော်နေသော ကောင်မလေးရဲ့ မျက်နှာပေါ်သို့ကျရောက်လာတာကြောင့် ထိုကောင်မလေးလဲ ထလိုက်ပြီး ဘေးကနာရီကိုကြည့်လိုက်တော့ 7နာရီခွဲ.......

'' အာ...နောက်ကျတော့မှာပဲ ကျစ်..... ´´

ကပျာကယာထကာ ရေချိုးခန်းထဲသို့ပြေးဝင်သွားသည်။ထိုအချိန် သူမရဲ့ အမေရောက်လာပြီး.......

'' Tzu နိုးပြီလား.... ခုနက Sana ph ဆက်တယ် သူ့ကိုလာမကြိုနဲ့တော့တဲ့..´´

'' Nae?? Omma မမေးလိုက်ဘူးလား ဘာလို့လဲဆိုတာ....´´

Tzuyu ရေချိုးနေရင်း သူမ Omma ကိုလှမ်းမေးလိုက်သည်။

'' မပြောသွားဘူး ကလေးရဲ့... မြန်မြန်ချိုး ပြီးရင်ဆင်းခဲ့တော့....နောက်ကျနေမယ်.... ´´

Tzu နဲ့ Unnieက  အထက်တန်းတက်စက စခင်ခဲ့တဲ့ သူငယ်ချင်းတွေ..... Unnie က Tzuထက်တစ်နှစ်ကြီးတယ်....ဘယ်သွားသွား ဘာလုပ်လုပ်အမြဲအတူ....ဒါပေမဲ့ အခုတလော Tzu ကိုယ့်ခံစားချက်ကို ကိုယ်တိုင်နားမလည်ဘူး...Unnie ကိုတစ်ခြားသူတွေနဲ့အရမ်းရင်းနှီးနေတာ တွေ့ရင် ရင်ဘတ်ထဲကနေ နာကျင်သလိုလိုနဲ့ ယောက်ျားလေးသူငယ်ချင်းတွေနဲ့ ပြုံးရွှင်နေရင်တောင် အရင်လို မဟုတ်တော့ပဲ ခံစားနေရတာ ဒီခံစားချက်ကြီးကိုကြောက်မိတယ် သူငယ်ချင်းတွေလို ညီအစ်မ တွေလိုသဘောထားပြီးနေလာခဲ့ပြီးမှ Unnie ကို ချစ်သူရည်းစားတစ်ယောက်လို ချစ်နေမိတယ်တဲ့လား.... ဒါဟာမှားနေကြောင်းသိပေမဲ့ ဘယ်လိုလုပ်ရမှာလဲ .......

'' Tzu ကိုခွင့်လွှတ်ပါ Unnie ရယ် Unnie အပေါ် Tzu မရိုးသားတော့တဲ့အတွက် ´´

Time skip >>>>>>>>>>

Tzuyu Car Parking မှာ  Nayeon Unnie နဲ့တွေ့တာနဲ့ Nayeon နဲ့အတူလာခဲ့လိုက်သည်....

'' Tzuyu... Sana ကဒီနေ့ အတန်းမတက်ဘူးလား ´´

Nayeon အမေးကြောင့် Tzu ကျောင်းလာတဲ့လမ်းမှာ ကောင်လေးတစ်ယောက်နဲ့ ပြုံးပျော်နေတဲ့ Unnie ကိုတွေ့ခဲ့တာကို ပြန်မြင်ယောင်ရင်း....

'' မသိဘူးလေ.... Wae? ´´

'' အရင်ကဆို Tzu တို့ကအတူလာတာလေ ဒီနေ့က Tzu ကိုပြဲမင်လို့ ´´

Twice Short Fic Myanmar ( Zawgyi +Unicode )Opowieści tętniące życiem. Odkryj je teraz