WHO!? ( MiChaeng..ft. Satzu Dahmo 2yeon )
" မဆိုးရဘူးလို့ Unnie ပြောထားတယ်နော်..."
Mina မိမိအရှေ့က ဆူထော်နေသော Chaeyoung ဆိုသောအနှီလူသားမလေးကို အပြစ်စကားဆိုနေသည်...
Chaeyoung ဆိုသော ကေလးမေလးမွာ သူမထက် တစ်နှစ်ကျော်ကျော်လေးသာ ငယ်ပေမဲ့ ထိုကေလးမေလးမွာ ကလေးလေးတစ်ယောက်လို သူမအပေါ်အမြဲချွဲနေသဲလေသည်..အများနဲ့ဆိုရင် လူကြီးဒီဇိုင်းနဲ့...
" သူက Unnie နားဘာလို့အရမ်းကပ်နေတာလဲ.."
" Unnie ရဲ့သူငယ်ချင်းလေကွာ..."
" မသိဘူး...Unnie နားကို ဖက်လားနမ်းလားနဲ့ Unnie လဲသာယာနေတယ်မလား ဟွန်း.."
သူမကိုစိတ်ကောက်ကာ ထွက်သွားသော ကလေးမကြောင့် ပြုံးကာ အနောက်ကနေလိုက်သွားသည်...
" Tigerလေးရေ...Unnie တို့ Strawberry စားကြမလား.."
Strawberry လို့ကြားတာနဲ့ ခြေလှမ်းတွေတုံ့ခနဲရပ်သွားပေမဲ့ သူမကိုတော့လှည့်မကြည့်လာသလို ပြန်လဲမပြောလာ...
" Ok.. Jeongကိုပဲခေါ်သွားလိုက်တော့မယ်နော်.."
Jeong ဆိုတဲ့အသံကြားတာနဲ့ ချက်ချင်းဆိုသလို သူမကိုလှည့်ကြည့်လာသည်...သူမသိတာပေါ့ ဒီကေလးက Jeongyeon နဲ့ဆိုသူမကိုသိပ်တိုတာ...
" Unnie နော်..."
မျက်စောင်းထိုးကာ နှုတ်ခမ်းဆူထော်နေသော ကောင်မလေးဟာ ဘယ်လောက်ချစ်ဖို့ကောင်းလဲ ရှင်တို့တွေ သိလောက်မယ်မထင်ပါဘူး...[ Mina's pov / ချစ်ဖို့ကောင်းလွန်းလို့ တစ်ကိုယ်လုံးကိုဖက်ပြီး အားရှိပါးရှိတာ ဆွဲညစ်ပစ်လိုက်ချင်တယ် / ] ( ငြင်သာလိုက်တာရှင်ရယ်🙂 )
ဒါက ကျွန်မဆိုတဲ့ Myoui Mina တစ်ယောက်တည်းကိုသာ လုပ်လေ့ရှိတဲ့ ထိုကလေးလေးရဲ့အကျင့်...
" ကဲပါ..နှုတ်ခမ်းကြီးကိုဆူထော်မနေနဲ့တော့ လာ.."
သူ့လက်ကိုဆွဲလိုက်တော့ ပျော်ရွှင်စွာသူမနောက်လိုက်လာသော Chaeyoung ကြောင့် လမ်းလျှောက်နေရင်းပြုံးနေမိသည်...
" UNNIE! "
" အမေလးဟဲ့.. ဘာဖြစ်လာတာလဲ.. "
ဟုတ်တယ်လေ.. ညကြီးမိုးချုပ် ဟိန်းထွက်လာတဲ့ Chaeyoung ရဲ့အော်သံကြောင့် အိပ်ပျော်မလိုဖြစ်နေရာက ရုတ်တရက်လန့်ကာ ထထိုင်လိုက်မိသည်...ထိုကေလးကေတာ့ သူမအခန်းပေါက်ဝကနေ ဒေါသတကြီးဝင်လာပြီး သူမဘေးဝင်ထိုင်ကာ...