Dear Unnie ( Saida Satzu)

739 38 5
                                    

Dear Unnie

           " TWICE CAFE "

အသားဖြူဖြုနဲ့ကောင်မလေးတစ်ယောက် ဆိုင်နာမည်ကိုမော့ကြည့်ပြီး ပြုံးကာ အထဲဝင်သွားသည်.....

" မင်္ဂလာပါ Dahyun shi.."

ဆိုင်ထဲဝင်လိုက်ပြီး ထိုင်နေကျနေရာမှာထိုင်လိုက်တော့ သူမရဲ့နှုတ်ဆက်တဲ့အသံနဲ့အတူ အပြုံးချိုချိုလေးတစ်ခု....

" အရင်အတိုင်းပဲလား မုန့်နဲ့ ကော်ဖီက "

" Nae.... Unnie.."

ဖောက်သည်လိုဖြစ်နေတာကြောင့် သူ့အကြိုက်ကိုသိနေသော သူမကြောင့် ပြုံးကာပင် အဖြေပေးမိသည်......

သူမကြောင့် ကော်ဖီတွေ မကြိုက်တတ်တဲ့ ကျွန်မကကော်ဖီကိုကြိုက်တတ်လာတယ်.....

သူမကြောင့် အိမ်ကနေကျောင်း ကျောင်းကနေအိမ်ကိုပဲ သိတဲ့ကျွန်မက အခုဆိုနေ့တိုင်း ဒီဆိုင်ရောက်လာတတ်နေပြီ.....

ဘယ်သူ့အကြောင်းမှစိတ်မဝင်စားတတ်တဲ့ကျွန်မက သူမ အကြောင်းတွေကိုစိတ်ဝင်စားမိပါရဲ့....

အင်း " သူမ " ဆိုတာက ဒီဆိုင်ရဲ့ဝန်ထမ်းလေ... သူမကိုမြင်မြင်ချင်း ချစ်ခဲ့မိတာ သူမကတော့သိမယ်မထင်ပါဘူး.....

သူမနဲ့စတွေ့ခဲ့တဲ့နေ့ရက်ကိုဖန်တီးပေးတဲ့ မိုးနတ်မင်းကိုလဲ ကျေးဇူးတင်မိသည်....

" Dahyun shi...ရပါပြီ..."

သူ့အသံကြားမှ အတွေးထဲကနေ လွတ်မြောက်လာခဲ့သည်...အပြုံးနဲ့ကြည့်နေသော သူ...

" ချစ်တယ်...."

ရင်ထဲကပြောမိတာကို ကြားပါရဲ့လား.....

➖➖➖➖➖➖➖➖➖➖➖

" Hyun, Chaeng   ညနေကျ ငါ့ကောင်မလေးနဲ့မိတ်ဆက်ပေးမလို့ "

ခပ်အေးအေးနေတတ်သော သူငယ်ချင်း Tzuyu ထံမှကြားလိုက်ရသောစကားကြောင့် Dahyun နဲ့ Chaeyoung ပါဆွံ့အသွားခဲ့ရသည်.....

ရည်းစား....ပိုအံ့သြတာက ကောင်လေးမဟုတ်ပဲ ကောင်မလေးတဲ့လေ.....

" အာ..Wae? ဘယ်လိုတွေကြည့်နေကြတာလဲ "

" Chou မင်းတကယ်ကြီးလား လာနောက်နေတာလား...."

Twice Short Fic Myanmar ( Zawgyi +Unicode )Onde histórias criam vida. Descubra agora