နံပါတ်တစ်နေရာကို လုယူခံရခြင်း

12.8K 265 7
                                    

Unicode ⬇️⬇️⬇️

Saijo Takato
သူကတော့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသား ဆိုတဲ့နေရာမှာ ၅နှစ်ဆက်တိုက် နံပါတ် ၁ နေရာကို ဦးဆောင်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ပေါ့။ ဆွဲဆောင်မှုအရှိဆုံးဆိုတဲ့နေရာက အနုပညာလောကသမားတွေ လူတိုင်း အလိုချင်ဆုံးနေရာ။ ဆွဲဆောင်မှုအရှိဆုံးဆိုပြီး သတ်မှတ်ခံရဖို့က ပုံမှန် ပရိတ်သတ်ကြိုက်ခံရရုံနဲ့ မရဘူး။ ခနးါကိုယ်၊ နှလုံးသားစသည်တို့ဟာ အကောင်းမွန်ဆုံးနဲ့ အတောက်ပဆုံးဖြစ်နေရမယ်။ အမှန်တကယ်လည်း စိတ်နှစ်ထားနိုင်ရမယ်။ ဒီလို ခက်ခဲတဲ့နေရာကို ၅နှစ်ဆက်တိုက် ထိန်းသိမ်ထားနိုင်တာ ဂုဏ်ဆာတာမဟုတ်ပေမယ့် Saijo Takato ဆိုတဲ့သူမို့လို့ပေါ့။ သူ့ရဲ့တောက်ပြောင်တဲ့ အနုပညာသမိုင်းကြောင်းစတင်ခဲ့တာကတော့ သူ့အသက် ၈နှစ်ကတည်းကပဲဖြစ်တယ်။ ချစ်စရာကောင်းပြီး ထူးချွန်တဲ့သရုပ်ဆောင်မှုတွေနဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တယ်။ ကလေးသရုပ်ဆောင်ဘဝတုန်းကလည်း အားလုံးထက်ပို ဦးစားပေးခံခဲ့ရတယ်။ ဒီလောကမှာ ရှင်သန်နိုင်ဖို့က ကိုယ့်ရဲ့team က အဓိကကျသလို၊ ကိုယ့်ကို အလုပ်အပ်မယ့်သူတွေရဲ့ နှလုံးသားကိုလည်း ဖမ်းစားနိုင်ဖို့လိုအပ်တယ်။ ဒီလောကသားအားလုံးနဲ့ အဆင်ပြေအောင်နေဖို့ကတော့ သူကအရူးလား။ ဒီလောကမှာက ဦးသူစားစတမ်းပဲ။ ကိုယ့်ပြိုင်ဖက်ကို နိုင်အောင်မတိုက်နိုင်ရင် ကိုယ့်အတွက် အသက်ရှင်ကျန်နိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အမြဲတမ်း အလုပ်မှာ cool and smart ဖြစ်နေရမယ်။ ဒါမှသာ အဆင်ပြေပြေနဲ့ သရုပ်ဆောင်နိုင်မယ်။ ကိုယ့်အကြောင်းက အမြဲတမ်း လူတွေပါးစပ်ဖျားမှာ topicဖြစ်နေပြီးတော့ စိတ်ဝင်စားမှုကို ရရှိနိုင်မယ်။ ဒီလမ်းကြောင်းအတိုင်း တသွေမတိမ်းလျှောက်လှမ်းလာပြီးတဲ့နောက် အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဆုရရှိပြီးနောက်မှာတော့ သူဟာ အနုပညာလောကရဲ့ အမြင့်ဆုံးနေရာကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်။ အခုလည်းထပ်ပြီးတော့ လူကြိုက်များမှုနဲ့ ကျော်ကြားမှုကို လျော့ကျမသွားဖို့ စိတ်ရောကိုယ်ပါ နှစ်ပြီး ဆက်လက်ကြိုးစားနေတာပဲဖြစ်တယ်။

ဒီနေ့လည်း မနက်အစောကြီးကတည်းက schedule က အပြည့်ပဲ။ အလုပ်များခြင်းဆိုတာနဲ့ အသားကျနေပမယ့် လူကြိုက်များခံရတဲ့ဘဝကလည်း လွယ်တော့မလွယ်ဘူးလေ။ ကော်ဖီဆိုင်မှာ သူ့မန်နေဂျာ Sasaki Taku(佐々木拓)လာကြိုမှာကို စောင့်နေလိုက်သည်။ ဘေးဝိုင်းမှ အတွဲတစ်တွဲဆီကနေ အသံတို့လွင့်ပြန်လာသည်။

ဆွဲဆောင်မှုအရှိဆုံး အမျိုးသားထံ နှိပ်စက်ခံရခြင်းDonde viven las historias. Descúbrelo ahora