အနမ်းခံလိုက်ရပြီ

3.1K 147 1
                                        

Unicode

"Takato san" ကို ဆွဲဆောင်ခွင့်ပြုပါ" ဟုပြောလာရင်း သူ့မှာ အိပ်ယာပေါ်တွန်းလှဲခံလိုက်ရရုံမျှမက အပေါ်ကနေပါ တွက်ခွခံလိုက်ရသည်။

"အားးးးး ဘယ်လိုလုပ်ရမလဲ
ကျွန်တော်အိပ်မက်များမက်နေတာလား
အကောင်လေးကလည်း ခေါင်းထောင်လာပြီ"
ဆိုတာ Azumayaရဲ့ ကြောက်စရာအသံပါ။
"ဟာ ဟာ
ခဏ ခဏနေပါအူး
စိတ်ထိန်းအူးလေ"
Takato ခမျာ သူ့ကိုယ်ပေါ်က ကျောက်တုံးကြီးလိုအတောင့်လိုက်ဖြစ်နေတဲ့ Azumaya ရဲ့ ခန္ဓာကိုယ်ကြီးကို အသည်းအသန် တွန်းထုတ်နေရင်း သူ့မှာ ရုတ်တရက်အခြေအနေကို shock ရနေသည်။

အင်အားချင်းမမျှသည့်နောက်ပိုင်းမှာ Azumayaရဲ့ ခနကိုယ်ဟာ သူ့ကိုယ်ပေါ်ပို ပိကျလာပြီး သူ့နှုတ်ခမ်းတွေဟာ တစ်စုံတစ်ခုနှင့် ထိမိသွားပါတော့သည်။ ဟုတ်သည် သူအနမ်းခံလိုက်ရခြင်းပါ။

အနမ်းခံလိုက်ရလိုက်မှန်း စိတ်ကသိလိုက်မိသည်နှင့် ခြေထောက်တို့ကလည်း အလိုအလျောက် Azumaya ရဲ့အကျီ မပါသည့် ကြွက်သားအမြောင်းမြောင်းနှင့် ဗိုက် ကိုကန်ထည့်လိုက်ပြီး အားနှင့်ရုန်းလိုက်ကာ အိပ်ယာပေါ်မှ တွေ့တာကောက်ဆွဲထပြေးလိုက်လေတော့သည်။ ဘယ့်နှယ့် ဆွဲဆောင်မှု အရှိဆုံး နံပါတ် ၁ အမျိုးသားနေရာကို ၅နှစ်ဆက်တိုက်နေရာယူထားတဲ့ ငါလေးက ယောက်ျားလေးကြီးပါ။ ဒီလို ယောက်ျားလေးကို ဆွဲဆောင်မယ်။ ဘယ်လိုတောင် ပြောလိုက်တာလဲ။ လောလောဆယ် တံခါးလော့ချပြီး ပုန်းလို့ရတဲ့နေရာကို အရင်သွားရမယ်ဟု တွေးပြီး ရေချိုးခန်းဖက်တန်းပြေးက တံခါးကိုဆွဲပိတ်လိုက်သည်။ သို့သော် အပြီးထိမပိတ်လိုက်နိုင်ပါ။ တံခါးကို ဆွဲထားသည့် လက်တစ်ဖက်ပေါ်လာသည်။ ထို့နောက်တံခါးဟာ ဝုန်းခနဲပွင့်သွားပြီး Azumaya ပေါ်လာသည်။

"ထွက်မပြေးပါနဲ့ Takato san "ဆိုသည့် အလွန်အမင်း စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသည်။

"မီးမွှေးလိုက်ပြီ ဆိုမှတော့ လောင်မှာ မသိဘူးလား
ကျွန်တော့်ရဲ့ ဆန္ဒကိုမေးခဲ့တာ Takato san ပဲမဟုတ်ဘူးလား"
ဟုဆိုလာရင်း ပခုံးနှစ်ဖက်ကို ဖိခံလိုက်သဖြင့် အိမ်သာဘိုထိုင်ပေါ် ထိုင်လျက်သားဖြစ်သွားသည်။ သူ့ပခုံးကိုဖိထားပြီး အုပ်မိုးလာသည့်Azumayaရဲ့မျက်နှာကိုမော့ကြည့်လိုက်ရင်း

ဆွဲဆောင်မှုအရှိဆုံး အမျိုးသားထံ နှိပ်စက်ခံရခြင်းTempat cerita menjadi hidup. Temukan sekarang