Unicode
သူတို့အခုရိုက်နေတဲ့ Midday Star ဇာတ်ကားရိုက်ကွင်းဟာ အခက်အခဲမရှိအဆင်ပြေသည်။ သရုပ်ဆောင်တွေရော၊ ရိုက်ကွင်းမှာ ဝန်ထမ်းတွေရော ကိုယ့်တာဝန်ကိုကျေပွန်ကြသဖြင့် နေ့တိုင်း တစ်sceneပြီး တစ်sceneဆက်တိုက်ရိုက်နေသည်။ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့စျာန်ဝင်စားမှုတွေကြောင့်လည်းဖြစ်သည်။ အားလုံးက သရုပ်ဆောင်ပညာကလည်း ကောင်းမွန်ကြသည်။ အထူးသဖြင့် ဟိုလဒလေးကြောင်ပေါ့။ ဒင်းရဲ့ ဇာတ်ကောင်ထဲကို စိတ်ရောကိုယ်ပါနှစ်ပြီး သရုပ်ဆောင်မှုတွေရဲ့နောက်မှာ အားလုံးဟာ လိုက်မှာစီးမျောပြီး အပေးအယူမျှကြသည်။ထို့ကြောင့် ရလဒ်တွေလည်းကောင်းသည်။ သူတောင်မှ တစ်ခါတစ်ခါ မျောပါသွားတတ်သေးသည်။ အမ် ငါလေးက တစ်မိုးအောက်တစ်ယောက် Saijo Takato လေးပါ။ အနုပညာသက်တမ်းရော၊ သရုပ်ဆောင်လုပ်လာတာ နှစ် ၂၀တောင်ကျော်နေပြီဖြစ်တဲ့ ငါလေးက presonalရေးရာပဲ ဒင်းဆီမှာ အစားခံမယ်။ အလုပ်နဲ့ပတ်သတ်လာရင်တော့ နောက်ကောက်ကျစရာအကြောင်းမရှိပေ။ သပ်သပ်စီခွဲခြားပြီး လုပ်ပြမယ်။
"Ready
Action"
"ဒေါက်တာ Santo
တကယ်ပဲ ဒေါက်တာအနေနဲ့ လူနာကို ကြည့်ဖို့စိတ်ကူးမရှိတော့ဘူးလား"သူနာပြုဆရာမလေးကသူ့ကိုမေးနေသည်။"အင်း အဲ့ဒါကတော့"
"ရှင်တကယ်ပဲ ဘယ်လိုမှ မခံစားရဘူးလား
ရှင် ဆရာဝန်မှ ဟုတ်ရဲ့လား""ဟုတ်တယ် ငါက ဒီလို ဆရာဝန်ပဲ"
........................
"Cut. Ok"
အဟင်း၊ တွေ့တယ်မလား၊ ငါလေးက နည်းနည်းလောက် စိတ်ထည့်လိုက်တာနဲ့ ဒီလိုသရုပ်ဆောင်ချက်တွေကပြောင်မြောက်တာ။ဒါပေမယ့် ဒီနေ့ သူ့စိတ်ထဲသဘောမကျနေတာက Azumaya က သူ့နားကို လုံးဝမကပ်တာပဲ။ ဒင်းကဘာအချိုးလဲ။
ဒီနေ့ရိုက်ကွင်းသိမ်းတော့ အိမ်ပြန်ဖို့ ကားပါကင်ဖက် ထွက်လာခဲ့သည်။ သူ့ကားဘေးတွင်ရပ်စောင့်နေတာက ခါတိုင်းလို Azumayaမဟုတ်။
"Takato san ပင်ပန်းသွားပြီ
အိမ်ပြန်ကြစို့" ဆိုတဲ့စကားနှင့်အတူ မန်နေဂျာ Sasaki ကိုတွေ့လိုက်ရသည်။ သူနည်းနည်း စိတ်ထဲမတင်မကျဖြစ်သွားသဖြင့် Azumayaများရှိနေမလားလို့ ဘေးဘီတစ်ချက် ဝဲကြည့်လိုက်သည်။ ဒါကိုမြင်တော့ Sasaki sanက သဘောပေါက်သွားလိုသနှင့်
ESTÁS LEYENDO
ဆွဲဆောင်မှုအရှိဆုံး အမျိုးသားထံ နှိပ်စက်ခံရခြင်း
RomanceUnicode Saijo Takato ဆိုတဲ့ အသက် ၂၈နှစ်အရွယ် သရုပ်ဆောင်လောကမှာ ၂ယောက်မရှိ ပြိုင်ဖက်ကင်းကြီးဟာ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားဆိုတဲ့နေရာကနေ ဖယ်ပေးလိုက်ရပြီးတဲ့နောက်မှာတော့................... Azumaya Junta အရမ်းကိုတောက်ပနေတဲ့ ခင်ဗျားဆီကနေ ကျွန်တော့်ကို...