public area ကိုရှောင်ရှားပါ

3.4K 131 26
                                        

Unicode

အခုတော့ အခြေအနေတွေက အရင်ကအတိုင်း ပြန်ဖြစ်သွားပါပြီ။ Takato sanရဲ့ဘေးမှာ အမြဲတမ်းတွယ်ကပ်နေတဲ့ နှာဘူးနတ်သားလေး Azumaya Junta ကို တွေ့ရမှာဖြစ်ပါတ​ယ်။ break timeမှာ နှစ်ကိုယ်ကြား တီးတိုးတီးတိုးပြောနေကြတဲ့ သူတို့နှစ်ယောက်အနားကို သွားပြီး ခိုးနားထောင်မယ်ဆိုရင် ကြားရမယ့် စကားတွေက အောက်ပါအတိုင်းဖြစ်သည်။

"Takato sanဘာသောက်မလဲ
ကော်ဖီလား၊ ချောကလတ်အပူလား"

"အရမ်းကိုဖလန်းဖလန်းထနေတာပဲနော်
နေကောင်းသွားပြီဆိုတာ မေးစရာကိုမလိုလောက်အောင်ပါပဲ"

"ဟုတ်ကဲ့
Takato sanရဲ့ ပျားရည်ကျေးဇူးကြောင့်နဲ့လေ
နောက်တစ်ခါဖြစ်ရင်လည်း တိုက်အူးနော်"

"လူကို ဓါတ်စာ များ မှတ်နေလား
မင်းကျေးဇူးကြောင့်နဲ့လည်း ငါ့မှာလည်း အရိုးတွေပြုတ်ထွက်တော့မယ်
တာဝန်မယူတော့ဘူးလား"

"တာဝန်ယူ.........
ဘာလဲ အဲ့ဒါ propose လုပ်ခိုင်းတာလားဟင်"

"အလျော့ပေးထားလို့ မင်းဂုတ်ပေါ်ထိ တက်ခွချင်နေတာလား"

"ဂုတ်ပေါ်တက်မခွပါဘူး
မနေ့ကဆို Takato sanကို အပေါ်ကထားပြီး တက်ခွခိုင်းတယ်လေ
အဟိဟိ"

"မင်းးးးးးး"

"ဒီနေ့ညနေ အိမ်ပြန်လိုက်ပို့ပေးမယ်နော်
ဒါမှမဟုတ် အတူတူလိုက်နေပေးရမလား"

စကားပြောတာကို ရိုးရိုးမပြောပဲ သူ့လက်ကိုပါဆွဲကိုင်ပြီးပြောနေသဖြင့် အတင်းလက်ကို နောက်ပြန်ဆုတ်ရသည်။

"အသားမယူနဲ့
အဲ့ဒီအတူနေတဲ့ကိစ္စတွေက အကောင်းဆုံးသရုပ်ဆောင်ဆုရပြီဆိုမှ စဥ်းစားပေးမှာ"

"ဆုရရင် အတူတူနေပေးမှာလားဟင်
ကြိုးစားပါ့မယ်"

ထိုသို့ ထိုသို့ အတင်းလိုက်တွယ်ကပ်နေတဲ့ နှာဘူးနတ်သားငယ်ငယ်လေးနဲ့ အူကြောင်ကြောင် လူပျိုကြီး ကို ရိုက်ကွင်းပေါ်ကလူတွေကတော့ သဘောတကျကြည့်နေကြပေသည်။ ချစ်စရာကောင်းတဲ့ ပန်းချီကားတစ်ချပ်လိုပေါ့။ ထိုပန်းချိီကားလေးက အသံတွေထွက်နေသည်။ဘာသံတွေလဲဆိုတော့

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Mar 21, 2020 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

ဆွဲဆောင်မှုအရှိဆုံး အမျိုးသားထံ နှိပ်စက်ခံရခြင်းNơi câu chuyện tồn tại. Hãy khám phá bây giờ