ရိုက်ကွင်းမှာတွေ့ပြီ

2.2K 131 3
                                    

Unicode

Midday Starရုပ်ရှင်ရိုက်ကွင်း၏ ပထမနေ့တွင်ဖြစ်သည်။ ဟိုအရက်မူးတဲ့ညက မနက်လင်းတာနှင့် အိမ်ကို တချိုးတည်းလစ်ခဲ့တာဖြစ်သည်။ အဲ့ဒီနေ့ကတည်းက Azumayaနှင့် ထပ်မတွေ့တေ့ာတာဖြစ်သည်။ ဒီနေ့ရိုက်ကွင်းကို သူရောက်တော့ အဝတ်အစားလဲပြီး setting studioခန်းဖက်ထွက်လာသည်။ ဇာတ်လမ်းမှာ Azumaya ရော သူရော နှစ်ယောက်စလုံးက ခွဲစိတ်ဆရာဝန်တွေဖြစ်သည်။ လောလောဆယ်တော့ duty coat သာ ဝတ်ထားလိုက်သည်။ studioတွင် တွေ့သည့် သူတွေကိုနှုတ်ဆက်ရင်း သူ့နောက်ကျောဘက်မှ သူ့နာမည်ခေါ်သံကိုကြားလိုက်ရသည်။

"Takato san

Good morning"

သူလှည့်ကြည့်လိုက်တော့ Azumayaဖြစ်နေသည်။ Azumayကတော့ ခွဲစိတ်ခန်းဝင်ဝတ်စုံကို ဝတ်ထားတာဖြစ်သည်။ သူလည်း ပုံမှန်အတိုင်းသွားဖြဲပြုံးပြလိုက်သည်။ လုပ်ပြုံးဆိုတာတော့သူပဲသိသည်။

"အင်း"

"ဟိုဟာလေ
ဟိုနေ့ညက " ဟု Azumayaထံမှ စကားစလာသည်နှင့်

"အာ
အဲ့တာလား
ငါကလုံးလုံးစိတ်ထဲမထားပါဘူး
နော်
အဟင်း" ဟု အေးဆေး ပုံံစံဖြင့်ပိတ်ပြောလိုက်သည်။ သူကြောင်သွားရတာက Azumaya ရဲ့ပုံစံကြောင့်ဖြစ်သည်။ မှိုင်ကျသွားသည့် မျက်နှာပေးဖြင့် မျက်လွှာချကာ သူ့ကို ဟုတ်ကဲ့ သဘောပေါက်ပါပြီ ပုံစံဖြင့် ခါးကို အနည်းငယ်ညွတ်ပြသွားသည်။ အာ့ကဘာအချိုးလဲ။ မတတ်နိုင်။ သူလည်း

"သွားနှင့်ပြီ" ဆိုပြီးအရင်ဦးအောင် လှည့်ထွက်လာခဲ့လိုက်လေသည်။

ပထမဆုံး ရိုက်ရမည့်အခန်းက Azumayaရဲ့ ခွဲစိတ်ခန်းအတွင်း senceဖြစ်သည်။သူ့အခန်းမဟုတ်သေး။ ထို့ကြောင့် သူက ခွဲစိတ်ခန်း အပေါက်ဝတွင် မှီပြီး ရပ်ကြည့်နေလိုက်သည်။ သူ့အတွေးထဲတွင်တော့ ငယ်ရွယ်ပြီးလတ်တလော ရေပန်းစားလာတဲ့ Azumaya Juntaက ခေါင်းဆောင်မင်းသားပေါ့။ ဒီလို အနုပညာသက်တမ်းလေး ၃နှစ်လောက်ပဲရှိတဲ့သူငယ်ပေါက်စ ထံ သူလို အနုပညာသက်တမ်း နှစ် ၂၀လောက်လည်းရှိ၊ ဝက်ဝက်ကွဲ လူကြိုက်များတဲ့ Saijo Takatoဆိုတဲ့ ငါလေးက ဘာလုပ်ခံလိုက်ရတာလဲ။ အတင်းအနမ်းခံလိုက်ရတာလေ။ အာ့လိုမျိုးက သူဘဝမှာ ပထမဆုံးပဲ။ အဲ့လို တကယ်ကြီး အပြင်မှာ အနမ်းခံရတာက။ No Noဆိုပြီး သူ့ဘာသာခေါင်းတွေရမ်းနေမိသည်။ အဲ့ဒါကြီးက မတော်တဆဖြစ်တာလေးပါ။ နော်။ စိတ်တွေလွတ်သွားလို့ပါ။ အဟင်း။ ဒါ့ကြောင့်မေ့ပစ်ရမယ်။ ငါလေးလျောက်မတွေးစမ်းနဲ့။ အလုပ်ထဲကိုအာရုံစိုက်စမ်း။ ဒါပေမယ့် အဲ့ကောင်က ဘာလို့ အဲ့ဒီလို မျက်နှာငယ်လေးနဲ့လဲ။ မသိရင် ငါကပဲ လူဆိုးကြီးကျလို့။ ဘာဖြစ်ဖြစ် ဒီဇာတ်ကားမပြီးခင်ထိ ဒင်းကိုတော့ ဝေးဝေးကရှောင်ရမယ်။ အလုပ်ကလွဲပြီး မပတ်သတ်မိအောင် နေရမယ်။

ဆွဲဆောင်မှုအရှိဆုံး အမျိုးသားထံ နှိပ်စက်ခံရခြင်းOnde histórias criam vida. Descubra agora