Unicode
ရိုက်ကွင်းပေါ်မှာဖြစ်သည်။
"sorry ပဲ ငါမင်းနဲ့ မပူးပေါင်းနိုင်ဘူး"
"ဘာလဲ ကြောက်လို့လား"
"ဘာပြောလိုက်တယ်"
"ကျွန်တော်ကတော့မကြောက်ဘူး
ခင်ဗျားသာကျွန်တော်နဲ့အတူပူးပေါင်းမယ်ဆိုရင် ဒီကလေးရဲ့အသက်ကို ကျွန်တော်တို့ကယ်နိုင်တယ်"
အခုလိုသူနဲ့အပြိုင်သရုပ်ဆောင်နေတဲ့ ဒီတစ်ယောက်ကတော့ Azumaya Juntaဆိုတဲ့သူပေါ့။ ဆွဲဆောင်မှုအရှိဆုံး No.1အမျိုးသားနေရာကို သူ့ဆီကနေ လုယူသွားခဲ့သူဖြစ်သလို၊ သူ့ကိုပါ ဆွဲဆောင်သိမ်းပိုက်ခဲ့သူပေါ့။
အဲ့တစ်ယောက်က သူ့ကို နေ့တိုင်းနေ့တိုင်း ကျားချောင်းချောင်းနေတာဖြစ်သည်။ ရိုက်ကွင်းက break time မှာကြည့်မလား၊ နားပီဆိုတာနဲ့
"Takato sanတူတူနားမယ်လေ"ဆိုပြီး ဘယ်ကနေပေါက်ချလာမှန်းမသိ
"ငါနဲ့ အရမ်းကပ်လွန်းနေပြီ" လို့ပြောလည်း
"ဟင့်အင်း
ကျွန်တော်က ဒီထပ်ပိုကပ်လို့ရရင် ကပ်ချင်သေးတာ"ဆိုပြီး ပြောလည်းပြော မျက်နှာနှင့်ထိလုပ်မတတ် တိုးလာသည်။ ဒင်းမျက်နှာကြီးကို လက်နှင့်အတင်းတွန်းဖယ်ရင်း
"မင်းကို ငါ အဲ့မှာတင် ရပ်လို့ပြော်နေတယ်နော် Azumaya "
နောက်ထပ်နေ့တိုင်းနေ့တိုင်းကတော့ အိမ်ပြန်ချိန် ဖြစ်သည်။ရိုက်ကွင်းသိမ်းလို့ အိမ်ပြန်မယ်ဖို့ အပြင်ထွက်လိုက်တာနှင့် သူ့နောက်မှနေ၍
"Takato sanပင်ပန်းသွားပြီ
ကဲ အိမ်ပြန်ကြတာပေါ့" ဆိုသည့် အသံနှင့်အတူ သူ့ပခုံးကိုကိုင်ကာ နားနားလေးကပ်ပြောလိုက်သော ဒင်းအသံကို ကြားလိုက်တာနှင့် သူ့ရဲ့ကြက်သီးမွှေးညှင်းတင်မက ရှိသမျှအမွှေး အကုန်ထောင်လေသည်။ပြောလည်းပြော၊ ပီးတော့ သူ့လက်ကိုအတင်းဆွဲခေါ်လေတော့သည်။
"Azumaya ရေ
ငါ့လက်ကလေးကို လွှတ်ပေးပါလားကွာ"
"မလွှတ်ပေးပါဘူး"
"မန်နေဂျာ မန်နေဂျာ" အကူအညီရလိုရငြား မန်နေဂျာကို လှမ်းအော်ခေါ်ပေမယ့်လည်း
ВЫ ЧИТАЕТЕ
ဆွဲဆောင်မှုအရှိဆုံး အမျိုးသားထံ နှိပ်စက်ခံရခြင်း
Любовные романыUnicode Saijo Takato ဆိုတဲ့ အသက် ၂၈နှစ်အရွယ် သရုပ်ဆောင်လောကမှာ ၂ယောက်မရှိ ပြိုင်ဖက်ကင်းကြီးဟာ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားဆိုတဲ့နေရာကနေ ဖယ်ပေးလိုက်ရပြီးတဲ့နောက်မှာတော့................... Azumaya Junta အရမ်းကိုတောက်ပနေတဲ့ ခင်ဗျားဆီကနေ ကျွန်တော့်ကို...
