တွေ့ဆုံခြင်း

3.5K 136 2
                                    

Unicode

"Midday Star" ရုပ်ရှင်ဇာတ်ညွှန်းဖတ်ပွဲ

ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ သရုပ်ဆောင်များ၊ မန်နေဂျာများနှင့်ရိုက်ကွင်းအဖွဲ့ဝင်များ ဝိုင်းဖွဲ့ပြီး ထိုင်နေကြသည်။ ထိုအချိန်တွင် ဒါရိုက်တာ Torimachi Tomiroမှ စတင် ပြေကြားလာသည်။

" ကဲ Midday Star ရဲ့ ပထမအကြိမ် seminar စတင်မယ်
ခေါင်းဆောင်သရုပ်ဆောင်ဖြစ်တဲ့Azumaya ကနေ တစ်ခွန်းတစ်လေလောက် မိတ်ဆက်လိုက်ပါအူး"

"ခေါင်းဆောင်နေရာကနေ သရုပ်ဆောင်မယ့် Azumay Junta ဖြစ်ပါတယ်
တွေ့ရတာဝမ်းသာပါတယ်"
ဟု Azumayaမှ မတ်တပ်ထမိတ်ဆက်လိုက်သည်။ ထိုစဥ် ထိုင်နေသူများထံမှ Azumaya ကိုကြည့်ပြီး တိုးတိုး တိုးတိုးနှင့် အသံများထွက်လာသည်။

"အရောင်တွေတောင်ထွက်နေသလိုပဲ"
"အပြုံးလေးက တောက်ပလိုက်တာ"
"တကယ်ကို နတ်သားလေးပါပဲ"
စသည့်အသံတို့ပဲဖြစ်သည်။ ထိုအသံတွေကို Azumayaနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော Takato မှာ မကြားချင်ပဲလည်း ကြားနေရသည်။ သူ့စိတ်ထဲတွင်တွေးနေတာကတော့ 'ဆွဲဆောင်မှုအရှိဆုံးအမျိုးသားဆိုတဲ့နေရာကို ငါက ၅နှစ်ကြီးများတောင် ဆက်တိုက် ဦးဆောင်ခဲ့တာ၊ ဟုတ်တယ် ၅ နှစ်ကြီးများတောင်ပေါ့၊ No.1 နေရာကို အခုလို ဒီကောင် Azumaya Juntaဆီမှ လုယူမခံရခင်အထိပေါ့ကွာ'

Azumaya မှဆက်ပြောသည်။
"အခုလို ခေါင်းဆောင်မင်းသားနေရာမှာ ပထမဆုံးသရုပ်ဆောင်တာဖြစ်လို့ အရမ်းကို စိတ်လှုပ်ရှားနေတာ၊ အကောင်းဆုံးကြိုးစားမှာဖြစ်လို့ ကူညီပေးကြပါအူး"

'ဟုတ်တာပေါ့၊ အမြဲတမ်းခေါင်းဆောင်မင်းသားနေရာကနေသရုပ်ဆောင်ခဲ့တဲ့ငါလေးက၊ ကလေးသရုပ်ဆောင်ဘဝကနေ အခုလို ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့အထိ အနုပညာသက်တမ်း နှစ် ၂၀ ရှိတဲ့ ငါလေးက ဒီလို ငမြောက်ခြောက် အနုပညာသက်တမ်းလေး ၃နှစ်လောက်ရှိတဲ့ကောင်လေးဆီ main leadကို ယူခံလိုက်ရတယ်တဲ့ဆိုတော့ Saijo Takato ဆိုတဲ့ငါလေးက ငါ့ထိုင်ခုံကို ခြိမ်းခြောက်ခံလိုက်ရတာလား' စသည်တို့ပဲတွေးနေမိသဖြင့်

"ကဲ  ဒီနေ့တော့ဒီလောက်ပဲ
နောက်တစ်ပတ် ရှုတင်စမယ်"
ဆိုသည့်အသံသာ Takato အနေနဲ့ နောက်ဆုံးကြားလိုက်မိတော့သည်။ တော်ပြီ စိတ်ရှုပ်တယ်၊ အိမ်ပြန်မယ်ဟုတွေးရင်း အခန်းထဲမှ ထွက်လာသည့်အခိုက်

ဆွဲဆောင်မှုအရှိဆုံး အမျိုးသားထံ နှိပ်စက်ခံရခြင်းDonde viven las historias. Descúbrelo ahora