အကြောင်းရင်းက??

1.8K 94 2
                                        

Unicode

ဒီနေ့ရှုတင်ပြီးတော့ Takato တစ်ယောက် မန်နေဂျာနှင့်မပြန်တော့ပဲ တစ်ယောက်တည်း စောင့်ကျန််ခဲ့သည်။ Azumaya ရဲ့ ကားဘေးမှာ တော်တော်ကြာကြာလေးစောင့်လိုက်ရသည့်နောက်မှာတော့ ဒီအတောအတွင်း ဖမ်းမမိခဲ့သည့် Azumaya ထွက်လာသည်။ အံမာ ဒင်းက သက်ပြင်းတွေဘာတွေတောင်ချလို့။ နောက်တော့ သူ့ကိုမြင်သွားပုံရသည်။

"Takato san"

"အေး
မင်းကို စောင့်နေတာ
ငါ့ကိုလိုက်ပို့ပေး"

"ခင်ဗျာ
ဟုတ်, ဟုတ်ကဲ့
Sasaki sanကရော"

"ပြန်သွားပြီ"

"ဒီနေ့ကလေ ဟိုဟာလေ
တောင်းပန်ပါတယ်"

မဝံ့မရဲအမူအရာနှင့် ဘာကိုတောင်းပန်နေလို့ တောင်းပန်နေမှန်းမသိ။ဒါမျိုးဆို သူကလည်း စိတ်ရှည်လာပြီလေ။

"ရေနွေးကြမ်းလောက်ကတော့တိုက်မှာပါ
ဒ့ါကြောင့် ငါ့ကိုလိုက်ပို့ပေးလို့"

ဘူးးးးးးးးးးးးးးးးးးးးးး(ကားမောင်းထွက်သံ)

ကားပေါ်တွင်တိတ်ဆိတ်နေတာကို သီးမခံနိုင်သည့်အဆုံး သူ့ဖက်ကစကားစလိုက်သည်။

"အခုတလော အလုပ်ရှုပ်နေတာလား"

"အင်း နည်းနည်းပါ

Takato sanလည်း အလုပ်များတယ်မလား"

"ငါကတော့ အမြဲတမ်း အလုပ်များနေတာပဲလေ

အလုပ်များတာနဲ့ အသားကျနေပီမို့ အေးဆးပဲ"

"အဟင်း
amazingပါပဲ"

နောက်တစ်ခုသူသတိထားမိသည်။ Azumaya က lover seat မှာထိုင်နေတာ့ သူ့ဖက်ကို လုံးဝမကြည့်။ ဒါမျိုးလုပ်လို့ရမလား

"ဟေး
မင်းဘာလို့ ငါ့ကိုမကြည့်တာလဲ"

"အမ် အဲ့ဒါက အဲ့ဒါက
ကားမောင်းနေတာမို့လို့လေ"

"အခု မီးပွိုင့်မိနေတာလေ" (အယ်ကိုကလည်းတအားကိုပဲနော်)

"အာ့ကလေ
အန္တရာယ်များလို့လေ
ရှေ့ကိုကြည့်မနေရင်
ဟော ကြည့်ပါလား
မီးစိမ်းသွားပြီ"

သုံးစားမရတဲ့ စကားတွေနဲ့လာလိမ်နေတယ်၊ ငါ့ကိုရှောင်နေတာ အသိသာကြီးပဲကို။ ကြားနေကျစကားတွေအတိုင်းပဲ။ များသောအားဖြင့် ငြီးငွေ့သွားတာနဲ့ လွှင့်ပစ်ကျတာကြီးပဲ။ Takato တစ်ယောက် ကျိတ်ပီးဒေါသတွေထွက်နေသည်။ သူ့တိုက်ခန်းက ကားပါကင်မှာ ကားထိုးပြီးသည်နှင့်

ဆွဲဆောင်မှုအရှိဆုံး အမျိုးသားထံ နှိပ်စက်ခံရခြင်းWhere stories live. Discover now