အပေးအယူ

2.5K 141 0
                                    

Unicode

"သောက်ပြီးတော့ Takato san တော်တော်လေးကိုမူးနေလို့ လောလောဆယ် အိမ်ကိုခေါ်လာခဲ့တာ"

"အင်
ငါက မူးတာ........
ဘာမှမမှတ်မိတော့ဘူး
နောက်ပြီးတော့ ဘာဖြစ်တယ် Takato လို့ခေါ်လိုက်တာလား"

"အဟင်းဟင်း
Takato က OK လို့ပြောခဲ့တာပါနော်
နာမည်အတိုင်းခေါ်လို့ရတယ်ဆိုပြီးတော့နော်
ဟွန်း ဒီမှာသက်သေ" ဆိုပြီးတော့ ဖုန်းကို သူ့မျက်နှာ ရှေ့ထိုးပြလာသည်။ ကြည့်လိုက်တော့ video file တစ်ခုဖြစ်သည်။ videoထဲတွင် ခေါင်းငိုက်စိုက်ဖြင့် အရက်ခွက်တစ်ခုကို ကိုင်သောက်နေသော သူ့ကို မေးနေတာဖြစ်သည်။

"Saijo san ကို Takatoလို့ခေါ်လို့ရမလားဟင်"

"ရား
စျေးကြီးတယ်နော်
ခေါ်ချင်ရင် ပိုက်ဆံ တစ်ထောင်ပေး"

"အဟင်း
စျေးသက်သာလိုက်တာ
ဒီမှာပါခင်ဗျ တစ်ထောင်"
ဟုဆိုပြီး ၁၀၀၀ တန်တစ်ရွက်ကို ထုတ်ပေးလာသည်။ သူကလည်း ထိုပိုက်ဆံကို လှမ်းယူပြီးတော့

"ကောင်းပြီ
ဒါဆိုခွင့်ပြုလိုက်ပီ" ဟုပင်ပြောလိုက်သေးသည်။

"ကဲ တွေ့တယ်နော် Takato san
ကျွန်တော်က ပိုက်ဆံတစ်ထောင်နဲ့ နာမည်ခေါ်ခွင့် ဝယ်ခဲ့တာပါနော်
အဟိဟိ" ဆိုပြီး Azumayaမှာ ခွီနေသည်။ video ကထိုတွင်ပြီးမသွား။ ဆက်ရိုက်ထားသေးသည်။

"ဒီမှာ
ဆွဲဆောင်မှုအရှိဆုံးအမျိုးသားဖြစ်လာပေမယ့် တစ်သက်လုံးသက်မှတ်ခံရလိမ့်မယ်မထင်နဲ့နော်
ဘယ်လိုရိုက်ချခံရတတ်တယ်ဆိုတာ ငါက သေချာသင်ပေးမှာ
အထက်တန်းလွှာတွေရဲ့ ကြောက်စရာကောင်းမှုတွေ၊ အဆိပ်တွေ၊ အမှောင်လောကတွေကို
မင်းသိလို့လား" ဟု အရှက်မရှိ မူးမူးရူးရူး ဗလုံးဗထွေးနှင့် ဆက်ပြောနေသေးသည်။
ကာယကံရှင်ကိုရှေ့ထားပီး ဘယ်လောက်တောင် ရုပ်ပဲ့လိုင်တဲ့ငါပါလား။ သောက်ရမ်းတွေကြေကွဲသွားရသည်။

"အဟင်းဟင်း " ဟု မရယ်ချင့်ရယ်ချင် ဖျစ်ညစ်ရယ်လိုက်ရင်း

"သဘောပေါက်ပြီမို့ အာ့ videoလေးကိုပိတ်လိုက်ပါလား

Azumaya kun လေးရယ်"

သူထဖို့စောင်ကိုလှပ်လိုက်မှ အံ့သြသွားသည်။ သူ့ကိုယ်ပေါ်မှာ ဘာအဝတ်အစားမှမရှိပေ။

ဆွဲဆောင်မှုအရှိဆုံး အမျိုးသားထံ နှိပ်စက်ခံရခြင်းWhere stories live. Discover now