#U
ပန်းကန်လုံးသန့်သန့်လေးတစ်ခုယူ
ဒိန်ချဥ်ငါးဇွန်းထည့်
ပျားရည် အသင့်တင့်ထည့်
ဇွန်းလေးနဲ့မွှေ ......ကျွန်တော်ဘာလုပ်နေတာလဲလား
မျက်နှာပေါင်းတင်ဖို့လုပ်နေတာပေါ့
ဆောင်းတွင်းဆိုအသားအရေခြောက်တတ်တယ်လေ။ဒိန်ချဥ်နဲပျားရည်က အသားပတ်တာပျောက်တယ်ဆိုလို့
Yoongi အတွက်လုပ်ပေးနေတာပါ
သူ အသားပတ်နေတယ်ဆိုလား
ဒါပေမဲ့ သူက ကိုယ့်ကိုကိုယ်သိပ်ဂရုမစိုက်တတ်တဲ့သူဆိုတော့
ကျွန်တော်Jiminလေးက သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်တာနှင့်အညီ သူ့အစားဂရုစိုက်ပေးရတာပေါ့ဗျာ.. ။ရပြီ ရေခဲသေတ္တာ ထဲ ခဏထည့်ထားပြီး
Yoongiကို သွားရှာလိုက်ဦးမယ်။မီးဖိုခန်းထဲက သူထွက်လာရုံရှိသေး
ဧည့်ခန်း TVရှေ့ စားပွဲမှာတင်ထားတဲ့ ဖုန်းက
မြည်လာတာမို့ သွားကိုင်တော့ ခေါ်ဆိုသူက Yoongi** hello .... Yoongi ဘယ်မှာလဲ ခုပဲလာရှာမလို့ပဲ**
**company မှာ သီချင်းသွားပေးတာ ခုပြန်လာတော့မလို့ ဘာဝယ်ခဲ့ရမလဲ **
**company ဘေးနားကလမ်းထဲက တော့ပိုကီ **
**အင်း ဝယ်ခဲ့မယ်**
**ကောင်းကောင်းပြန်လာခဲ့နော်**
ပြန်တောင်မဖြေဘဲ ဖုန်းချပစ်လိုက်တဲ့Yoongi ။
Jiminအတွက်ကဒါမျိုးတွေရိုးနေပြီးသား။Yoongiဆိုတာ
စကားကောင်းကောင်းပြန်ပြောတာမျိုးလုပ်ချင်မှ
လုပ်လိမ့်မယ်.... ဒါပေမဲ့ သူအပြင်သွားတဲ့အခါတိုင်း
ဘာဝယ်ခဲ့ရမလဲ သတိတရလှမ်းမေးတတ်တာမျိုး....အဲ့လို ဂရုစိုက်တတ်တဲ့သူမျိုးမို့ ....
ငါကိုယ်တော်မြတ် ခွင့်လွှတ်တော်မူတယ်...
မုန့်သာ ဝယ်ခဲ့ပေး အဟေးဟေး.. ။တစ်နာရီလောက်ကြာတော့
အိမ်တံခါးဖွင့်သံကြားရသည်။
Yoongiရောက်လာပြီနဲ့တူတယ်။ကြာလိုက်တာ
ဒီ delivery ကောင်လေးကို five starမပေးဘဲနေမှ..
ဟီးဟီး Yoongiသာ သိရင် အဆဲခံရဦးမယ်။
ဆဲခံရတာအရေးမကြီး.. ပါလာတဲ့မုန့်တွေမပေးဘဲ
လှည့်ပြန်သွားရင်တော့မဖြစ်။
YOU ARE READING
One Bite of Food Blogger Boyfriends [ YM & NJ ] ✅
FanfictionHow to get a foodie boyfriend ?? #Yoonmin # Namjin