[25]

3.4K 459 110
                                    

[UNICODE]

Seokjin Hyung ကျွန်တော်ပြန်ရောက်ပြီဆိုတဲ့
Message လေးတစ်စောင်ပဲပို့ပြီး
နှစ်ရက်လောက်ကြာမှ
ဆိုင်ကိုရောက်လာတော့တဲ့Jiminကို
Seokjin ခပ်ကြာကြာလေးဆူပစ်ချင်ပေမဲ့
ပျော်ရွှင်နေတာသိသာတဲ့ မျက်နှာလေးကြောင့်
ထားလိုက်တော့သည်။

**တော်တော်ပျော်နေတာပဲ Park Jiminနှစ်ရက်လုံး ဘာတွေလုပ်နေလဲပြော**

**Yoongiနဲ့ date နေတာပေါ့  .. သူအလုပ်အားလို့လေ **

**ဒီနေ့ကျ သူအလုပ်သွားရလို့ဆိုပါတော့ **

**ဟီးဟီး ဟုတ်တယ် .. company သွားရင်းလိုက်ပို့ပေးခဲ့တာ ဒါနဲ့ Hyung .. Namjoon hyungနဲ့ အတူနေနေတာလား**

**အင်း.. အဲ့လိုပဲဖြစ်သွားတယ် **

**ဟုတ်... နေ့လယ် ကျရင် အားလား ကျွန်တော်ဆိုင်အတွက်ဝယ်စရာလေးရှိလို့လိုက်ပေးမလား**

**ဘယ်လိုလုပ်မလဲ နေ့ခင်းကျ အလုပ်ရှိလို့ သွားစရာရှိတာ**

**ဆိုင်အလုပ်လား**

**ဟင့်အင်း Appa company ရင်းနှီး မြုပ် နှံဖို့ကိစ္စ**

**သြော်.. ဒါဆိုလည်းသွားပါ တစ်ယောက်ထဲပဲသွားရတော့မှာပေါ့ **

**ဒါနဲ့ Jiminnah.. ညနေကျ Namjoonine က ဟန်မြစ်မှာ စက်ဘီး သွားစီးမလို့တဲ့.. လိုက်ခဲ့မလား Yoongiပါအားရင်လိုက်ခဲ့လေ **

**လိုက်မယ်. လိုက်မယ် **

**Yoongiပါလာမှ လိုက်ခဲ့နော်.. တစ်ယောက်ထဲလာပြီး ငါတို့နှစ်ယောက်ကြားထဲ ဝင်မရှုပ်နဲ့**

**ဒီ Hyungကတော့ ခေါ်ခဲ့မှာပေါ့.. ကျွန်တော်လည်းရည်းစားရှိတယ်  ကျွန်တော့်မှာလည်း အရမ်း handsomeတဲ့ Min Yoongiဆိုတဲ့ ရည်းစား ရှိပါတယ်လို့**

**အေးပါကွာ... ဒါဆို ညနေကျမှတွေ့မယ်**

**ဟုတ်... ကျွန်တော်သွားပြီ **

Jimin ထွက်သွားတာကြည့်ပြီး
သူလည်း အပြင်ထွက်ဖို့ပြင်ရပြန်သည်။

Appa company က အရမ်းကြီးတဲ့
project လုပ်ဖို့ရှိပေမဲ့ ငွေလိုနေတယ်လို့
Seokjinသူ့အကိုဆီက ကြားထားတယ်လေ
ဒီနေ့တော့ အရင်ဆုံး project managerနဲ့တွေ့ပြီး
စကားပြောရုံတင်ပဲဖြစ်ကာ
Namjoonနဲ့ညကျမှသေချာတိုင်ပင်ရဦးမှာပင်..
ရင်းနှီး မြုပ် နှံဖို့ ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာကိုပေါ့။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now