#U
မနက် စောစောမှာပဲ
ဆိုင်က ပြဿနာတခုဖြစ်လို့ဆိုပြီး
အလောသုံးဆယ်ထွက်သွားတဲ့ Seokjinဟာ
တစ်နေကုန် တဲ့အထိ ဆိုင်မှာပဲရှိနေရတာ ဖြစ်သည်။အားလုံးဖြေရှင်းပြီး အပေါ်ထပ်က သူ့ရုံးခန်းမှာ
ခဏထိုင်နားနေစဥ်
Namjoon ရောက်လာသည်။**Hyung ဆိုင်ကပိတ်ထားတာလား **
သူ့အနားကိုဝင်ပြီးကပ်ထိုင်ရင်းမေးလိုက်တာဖြစ်သည်။
ဆိုင်ပိတ်ထားပေမဲ့
နေ့တိုင်းတစ်နေ့တစ်ခေါက်လောက်တော့
ရောက်လာနေကျ Namjoonကို ဝန်ထမ်းတွေက
မှတ်မိနေတာမို့ ပေးဝင်လိုက်ပုံရသည်။**အင်း.... ကိစ္စ လေးတခုဖြစ်သွားလို့ **
**အခု ဖြေရှင်းပြီးပြီလား**
**အကြမ်းဖျင်းပေါ့ **
**တစ်နေကုန် အလုပ်များနေတာပေါ့ ကျွန်တော့်ရဲ့ Hyung ထမင်းရောစားပြီးပြီလား**
**ဟင့်အင်း မနက်ထဲကကော်ဖီလေးတစ်ခွက်ပဲသောက်ရသေးတာ **
နှာခေါင်း လေးကိုရှုံ့မဲ့ရင်း ချွဲနေတဲ့ပုံလေးကို
ကြည့်ပါဦး... ချစ်စရာလေး...
ကျွန်တော့် ကိုကြီး က ချောတဲ့သူဆိုတော့လည်း
ဘယ်လိုနေနေကြည့်ကောင်းနေတာလေး...**ဟုတ်ပါပြီ ကျွန်တော် တခုခုလိုက်ကျွေးမယ် ဆိုင်က ရော ဒီအတိုင်းပဲထားခဲ့လို့ရပြီလား **
**နည်းနည်းပါးပါးမှာစရာရှိတာမှာ ပြီးရင် ရပြီ **
**ဒါဆို လာခဲ့လိုက်တော့ ကျွန်တော် ကားထဲကစောင့်နေမယ်နော် **
**အင်းအင်း ... မင်းကားလား ကားယူတာလား**
**ဟုတ်... Manager အကိုကမောင်းပို့ပေးပြီး taxiနဲ့ပြန်သွားတာ **
Seokjin ဝန်ထမ်းတွေကို
ပြောစရာရှိတာပြောပြီးနောက်
ကားဆီမြန်မြန်လျှောက်လာခဲ့သည်။ဘယ်သွားမလဲ မေးမနေတော့ဘဲ
နှစ်ခေါက်သုံးခေါက်သွားဖူးနေကျ
အနောက်တိုင်းစားသောက်ဆိုင်ဆီကိုသာ
မောင်းလာခဲ့လိုက်သည်။ပင်ပန်းနေပုံရတဲ့ Namjoonက အိပ်ငိုက်နေသည်မို့
သူလည်းစကားမပြောဖြစ်... ၊။
YOU ARE READING
One Bite of Food Blogger Boyfriends [ YM & NJ ] ✅
FanfictionHow to get a foodie boyfriend ?? #Yoonmin # Namjin