#U
ချစ်သူဖြစ်တဲ့ ပထမဆုံးရက်ကစလို့
ခွဲပြီး နေရတာ ကြောင့် မပျော်တဲ့ Jiminဟာ
နောက်တစ်နေ့မှာလည်း အစောကြီးထပြီး
ကော်ဖီဆိုင်သွားရပြန်ပါတယ်
မန်နေဂျာက အစောကြီးရောက်နေသင့်တယ်မလား.။ခုတော့ အလုပ်ပထမဆုံးသွားတဲ့ရက်မှာ
Yoongi နဲ့အတူရှိပြီး Yoongi ကလိုက်ပို့ပေးရင်
အရမ်းကောင်းမှာပဲနော် ဆိုပြီး
သူ့ချစ်သူကိုဖုန်းဆက်ကာ ချွဲနေလေရဲ့...**ကျွန်တော့်ရဲ့ ပထမဆုံး အလုပ်ဆင်းတဲ့ရက်မှာ Yoongiကလာခေါ်ပေးပြီး ကားနဲ့လိုက်ပို့ရင် တကယ် အမှတ်တရဖြစ်မှာ ခုတော့ စက်ဘီးလေးပဲ ကိုယ့်ဘာသာနင်းနေရတယ်**
**Aigoo ကိုယ့်ကလေးလေး ပင်ပန်းတော့မှာပဲ သနားလိုက်တာကွာ**
**Min Yoongi!! လူကိုလှောင်နေတာနဲ့တူနေတယ်နော် စလာပြန်ပြီ**
**ဟားဟား မဟုတ်ပါဘူး တကယ်ပြောတာ... ကဲပါ စိတ်မဆိုးနဲ့.. ပထမနေ့မှာ အလုပ်သေချာလုပ်... Fighting ကလေးလေး**
**ဟုတ်ကဲ့ပါ**
ဆိုင်ရောက်တော့ လက်ထောက်မန်နေဂျာ အကိုကြီးက အသင့်စောင့်နေသည်။
**မင်္ဂလာပါ Jiminshi... သူဌေးကပြောထားပြီးသားပါ.. အရင်ဆုံးမင်းအလုပ်နဲ့ရင်းနှီးအောင် ကျွန်တော်ကကူညီပေးပါ့မယ် **
**အာ ဟုတ်ကဲ့ ကျေးဇူးပါ ရင်းရင်းနှီးနှီး ပြောပါခင်ဗျ **
**ဟုတ်ကဲ့ ဒါဆိုလည်း ဒီဘက်ကိုလာပါ**
တစ်ကယ်ကိုခပ်တည်တည်နှင့် ဆိုင်နောက်ခန်းထဲ
ခေါ်သွားဖို့လုပ်နေတာကြောင့်
Jiminရယ်မိတော့သည်။ဆိုင်မှာ လုပ်တာ ကြာပြီဖြစ်တဲ့
Hyung က Jimin နှင့်တင်မက
Yoongiနှင့်တောင်ရင်းနှီးသည်။
Jimin က အရင်ကဆို ဒီလာပြီး
ကော်ဖီနဲ့ကိတ်မုန့် အလကားလာစားနေကျလေ။**အားး Sejin hyung နောက်မနေနဲ့တော့ **
Jimin ရှေ့က အရပ်ရှည်ရှည်နှင့်ခပ်ချောချောအကိုကြီးကပြုံးပြရင်း သူ့ခေါင်းလေးကို
လှမ်းပုတ်သည်။**Park Jiminလေး လူကြီးဖြစ်လာပြီပေါ့ ... Jiminineက ဆိုင်ကိုလာလုပ်မယ်ဆိုတော့ Hyungတောင်အံ့သြသွားတာ**
YOU ARE READING
One Bite of Food Blogger Boyfriends [ YM & NJ ] ✅
FanfictionHow to get a foodie boyfriend ?? #Yoonmin # Namjin