#Uနောက်တစ်နေ့မနက်ခင်း Jiminနိုးလာတော့
နေတောင်အတော်မြင့်နေပြီ။ဖင်ကန်ပြီးနိုးမယ့်သူမရှိတာကောင်းလိုက်တာနော်။
Yoongiကတော့ နိုးနေပြီထင်ရဲ့...
အိပ်ခန်းထဲမှာမရှိတော့။မျက်နှာသစ်ပြီးအခန်းအပြင်ထွက်လာသည်နှင့်
Yoongiက လှမ်းခေါ်သည်။**Jimin မနက်စာလာစား**
**ဟုတ်**
Jimin တစ်ယောက်Yoongi ဘေးနားသွားထိုင်
အသင့်ပြင်ပေးထားတဲ့ဘီစကစ်ကို နွားနို့ နှင့်တို့ကာ တို့ကာစားရင်း
နေ့လည်စာဘာစားရမလဲ စဥ်းစားနေမိသည်။စားလို့ပြီးတော့ နှစ်ယောက်သား
ဧည့်ခန်းထဲတွင် Gameဆော့ကြသည်။သုံးပွဲတောင်မပြည့်ခင်
ရှုးညစ်ညစ်နေသော Jiminကြောင့် ရန်ပွဲဖြင့်သာအဆုံးသတ်သည်။Park Jiminကလည်း အသေငြင်းသလို
Min Yoongiကလည်း တစ်စက်မှအရှုံးမပေးဘဲ
Jiminကို စနေသည်ကိုး။**တော်ပြီ မဆော့တော့ဘူး**
**Jiminineက ညစ်လိုက်တာ **
**ဘာမှမဟုတ်ဘူး... ဒီအတိုင်း. ကျွန်တော် မဆော့ချင်တော့လို့ပါနော်... ဟွန့်.. ဘာမှလဲမသိဘဲ**
**ဟားဟား ဟား.. အေးပါကွာ**
**မသိဘူး ကျွန်တော်ရှုံးလို့ Yoongi နေ့လည်စာလိုက်ကျွေး**
သိပ်မဆိုင်သလိုပဲနော်
ထားပါလေ မဟုတ်လည်း ဝယ်ကျွေးနေရတာပဲ ။**Yoongiကို မျက်နှာပေါင်းတင်ပေးဖို့လုပ်ထားတာမနေ့က မုန့်စားနေတာနဲ့မေ့သွားရော ခုလုပ်ပေးမယ်လေ အားတယ်မလား**
**အင်း**
**ဒါပေမဲ့ .. ပြင်ထားတဲ့ဟာက ဟိုဘက်အိမ်မှာ ကျန်ခဲ့ပြီ သွားယူလိုက်ဦးမယ်ခဏလေး.. **
**ဒိန်ချဥ်လေး ငါ့ရဲ့ဒိန်ချဥ်လေး Jiminine လာပါပြီ**
Yoongi တားမလို့ပြင်ပေမဲ့
စိတ်မြန်လက်မြန် နဲ့ Jiminက ထထွက်သွားပြီမို့
ထားလိုက်တော့သည်။အဲ့ဘက်အိမ်သွားပြီး Seokjin hyungနဲ့
ပြန်ခေါ်သွားရင် Jiminine ကသူ့အိမ်မှာ
မနေတော့ဘူးလား။
YOU ARE READING
One Bite of Food Blogger Boyfriends [ YM & NJ ] ✅
FanfictionHow to get a foodie boyfriend ?? #Yoonmin # Namjin