[18]

3.7K 521 107
                                    

#U

Yoongi ရေအေးနဲ့ အကြိမ်ကြိမ်မျက်နှာသစ်
စိတ်တည်ငြိမ်အောင် ကြိုးစားပြီး
ပြန်ထွက်လာတော့
Jimin က အိပ်ရာပေါ်မှာ အိပ်ပျော်နေပြီဖြစ်သည်။

ဒီကလေးတစ်ယောက်ဟာ.. ဘာမှမသိဘူး..
သူပဲကောင်းတယ် ။
အေးအေးချမ်းချမ်းသာ အိပ်တော်မူပါ
Park Jiminshi... ။
သူများကိုတော့ ပူလောင်ခိုင်းထားပြီး.. ။

သူမအိပ်ချင်သေးတာမို့
အခန်း အပြင်ထွက်လာခဲ့တော့
ဧည့်ခန်းထဲမှာ Jimin appaနှင့် ommaက
TVကြည့်ရင်း စကားပြောနေကြတုန်း...

**Yoongi လေး.. မအိပ်သေးဘူးလား... လာထိုင်လေ... Jiminရော**

**Jiminine က အိပ်သွားပြီomma**

**တစ်နေကုန် လျှောက်သွားပြီး ပင်ပန်းသွားတာနေမှာပေါ့ .... ဒါနဲ့ သားတို့ဘယ်တော့ ပြန်မလဲ **

**မနက်ဖြန် ပြန်ရမယ် omma ကျွန်တော့် အလုပ်ကိစ္စ လေးပေါ်လာလို့ **

**သြော်... အေးအေး ... ဒါနဲ့... Jimin အတွက် စီစဥ်ထားတဲ့ ကိစ္စ ကို သားကိုပြောပြရင်ကောင်းမလားမသိ... အဲ့ကလေးက လက်ခံပါ့မလားပဲ**

**ဘာကိစ္စလဲဟင်**

**Jimin ကို သူ့အဖေအသိရဲ့ သမီးလေးနဲ့ အိမ်ထောင်ချပေးမလို့ လေ**

Aigoo.. ဒါ ကဘယ်လို
နွေလယ်ခေါင် မိုးကြိုးပစ်ခံရတာမျိုးလဲ.....

လုံးဝလက်မခံနိုင်ပါ...
ဟောဒီက Min Yoongi က ...
Park Jimin လည်း လက်မခံရဘူးပဲ...

**omma... ရုတ်တရက် ကြီး.. **

**စဥ်းစားထားတာ ကြာပြီ... Jiminကို တည်တည်ငြိမ်ငြိမ်လေးနဲ့ သူ့appaအလုပ်လည်းဝင် အိမ်မှာပဲ နေစေချင်တာ ... ဒါကြောင့် သူငြိမ်သွားအောင် အိမ်ထောင်ချပေးလိုက်ရမလားဆိုပြီး တိုင်ပင်နေကြတာ**

**omma... Jiminine က အိမ်ထောင်ပြုဖို့ငယ်ပါသေးတယ်... ပြီးတော့ သူက... အိမ်က အလိုလိုက်ထားတာရော အနားကသူတွေက အလိုလိုက်ထားလို့ ကလေးလိုဆိုးနေတာလေးပဲ ရှိတာပါ**

**omma တို့ ပြောတဲ့ တည်ငြိမ်စေချင်တာရယ်အလုပ်အတည်တကျ လုပ်စေချင်တဲ့ဆိုတဲ့ကိစ္စလေးနဲ့တော့ အိမ်ထောင်ချပေးဖို့ထိမလိုအပ်ပါဘူး ကျွန်တော်အကြံပေးချင်တာ က... သူ့ကိုအရင်ပြော ကြည့်သင့်တယ်... သားလေးက ဘယ်အချိန်ထိကလေးလုပ်နေမှာလဲ... Jihyunကလည်းအဝေးမှာ... omma appaအလုပ်ကို မကူပေးချင်ဘူးလားလို့ မေးကြည့်သင့်တယ်**

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now