[14]

3.9K 534 70
                                    

#U

နောက်ဆုံးတော့ Seokjinတစ်ယောက်
မတတ်နိုင်တော့ဘဲ ..
သူ့ Manager မသိအောင် ခိုးထွက်လာတဲ့
Namjoonနဲ့ပဲ Busanကို သွားလိုက်ရတော့သည်။

Jimin မပါဘူးလား ဆိုတော့...

သူတောင်Busanသွားဖို့မပြောလိုက်ရသေး ....
အဲ့အကောင်စုတ်လေးက
Yoongiသူ့မိဘအိမ်ပြန်တာကို
သူပါအထုပ်ပြင်ပြီး လိုက်သွားလေရဲ့

ဒါတောင်Yoongiကဖုန်းဆက်ပြောမှသူ့မှာ
သိရတယ်။

Busanရောက်ရင်
သူ့ဒေါ်လေးကိုဘယ်လိုပြောရမှန်းပင်မသိတော့.... ။

Yoongiကတော
တရက်နှစ်ရက်နေရင် သူတို့လိုက်လာခဲ့ပါမယ်ပြောတာပဲ။

.............

Yoongiနှင့် Jimin တို့ Daeguကအိမ်ကို
ရောက်ချိန်မှာ အိမ်ပေါက်ကနေဆီးကြိုနေသည့်
အသားဖြူဖြူ အမျိုးသမီးကြီးကို Jimin မှတ်မိပါသည်။
Yoongi အမေပဲ....
သူတို့ဘွဲ့ယူတုန်းကပဲ တခါလေးပဲ တွေ့ဖူးပေမဲ့
သူမှတ်မိနေခဲ့သည်။

တွေ့လိုက်တိုင်း အပြုံးအေးအေးလေးနှင့်
ရှိနေတတ်တဲ့ Yoongi အမေသည်
နုပျိုလှပနေသည်မှာ Yoongiရဲ့ အဒေါ်အငယ်ဆုံးလို့
ပြောလျှင်တောင်ယုံနိုင်ဖွယ်ရှိသည်။

ဒါကြောင့်လည်း ဒီသိမ်မွေ့တဲ့အမျိုးသမီးလေးကို
Yoongi အဖေလူအေးကြီးက ခုချိန်ထိ
တုန်နေအောင်ချစ်တယ် လို့ ပြောသည်။

ထုတ်မပြတတ်ပေမဲ့
အရိပ်တကြည့်ကြည့်နှင့်
မသိမသာ ဂရုစိုက်ပေးတတ်တယ်....
ဒီလိုမျိုး က သူလည်း သူ့အဖေနဲ့ တူတယ်လို့
Yoongi ကပြောဖူးသည်။

Yoongi အဖေနှင့် အစ်ကိုကတော့ မတွေ့ရ။
အလုပ်သွားနေပုံရသည်။

**လာကြ ... သားလေးတို့ **

**မင်္ဂလာပါ ခင်ဗျ တွေ့ရတာဝမ်းသာပါတယ် **

**အေး အေး တရိုတသေကြီး နှုတ်ဆက်စရာမလိုပါဘူးကွယ် မတွေ့တာကြာပြီနော် Jiminလေး က ပိုပြီး ချောလာတယ် **

**ဟီးဟီး မဟုတ်ပါဘူး **

**omma... Jiminine က ဗိုက်ဆာလို့တဲ့ **

**Yoongi!! ဘာတွေပြောနေတာလဲ ... **

**သြော် သားလေးက ဗိုက်ဆာနေပြီလား ခဏလေးနော် omma က အသီး ပြင်ပေးမယ် .... အသီးလေးနဲ့ဖျော်ရည်လေး အရင်စားထားလိုက်နော် သားလေး Yoongi ဖေကြီးတို့ ပြန်လာမှ ညနေစာစားကြတာပေါ့ **

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now