#U
**Seokjin Hyung ဘာလို့ခုမှပြန်လာတာလဲ**
Seokjinအိမ်ပြန်ရောက်လို့ တံခါးဖွင့်လိုက်သည်နှင့်
Jiminရဲ့အသံကိုတန်းကြားရတော့သည်။**Jimin တစ်ယောက်ထဲဖြစ်နေတာလား sorry Hyungက မင်းYoongiနဲ့ရှိနေမယ်ထင်လို့ **
**သူ့အကြောင်းမပြောနဲ့**
ရန်ဖြစ်ထားပြန်ပြီထင်တယ်။
စူပုတ်ပြီး အခန်းထဲဝင်သွားပြီ။
ကြက်ကြော်စားမလားတောင်မမေးလိုက်ရဘူး
မှာလိုက်မယ် စားမှာပါလေ ။ခဏအကြာ ကြက်ကြော်ရောက်လာလို့
ထွက်ယူတော့ Yoongiနဲ့တည့်တည့်တိုးသည်။**Seokjin hyung , Jimin ရှိတယ်မလား **
**အေး ရှိတယ် ဝင်ခဲ့လေ သူ့အခန်းထဲမှာ Jiminက**
**ကျွန်တော့်ကို သွားခေါ်ပေးပါလား **
**ဘာလို့လဲ မင်းဘာသာ သွားရင်လည်းရ.... အေးပါနေတော့ ငါသွားပေးမယ်**
Jiminရဲ့အခန်းတံခါးကို ဆွဲဖွင့်ပြီး
ကြည့်လိုက်တော့ အိပ်ရာပေါ်မှာလှဲနေတာ ...
အိပ်တော့အိပ်မနေ ဖုန်းကြည့်နေပုံရသည်။**Jimin အပြင်ထွက်ခဲ့ဦး **
**Hyung ဘာလို့လဲ**
**Yoongiက... **
Seokjin စကားမဆုံးသေးခင် ဘေးနားကို တစ်ယောက်ယောက်ရောက်လာသည်။
**Jimin အိမ်မှာမုန့်ဝယ်ထားတယ် လာစားမလား**
Yoongi ကိုတွေ့သည်နှင့်
Jiminတစ်ယောက်မျက်နှာကချက်ချင်းရှုံ့မဲ့သွားသည်။**မစားဘူး**
ဧည့်ခန်းထဲ ကြက်ကြော်ဆီပြန်သွားဖို့လုပ်နေတဲ့
Seokjinတောင် ရပ်တန့်သွားသည်။
Park Jiminတို့တစ်ကယ် စိတ်ဆိုးနေတာဖြစ်ရမယ်။
ဒီထက်ပိုပြီး မုန့်နဲ့ ချော့လို့မရတော့...
သူ့အတွေးမဆုံးသေးခင် အသေးလေးဆီက
အသံထပ်ထွက်လာသည်။**ဘာဝယ်ထားတာလဲ **
**ပဲနီလေး ရေခဲသုပ်**
**စားပွဲခုံမှာ ဒီအတိုင်းတင်ထားခဲ့တာ ပျော်ကုန်ရင်စားမကောင်းဘဲနေလိမ့်မယ် မြန်မြန်လာ**
YOU ARE READING
One Bite of Food Blogger Boyfriends [ YM & NJ ] ✅
FanfictionHow to get a foodie boyfriend ?? #Yoonmin # Namjin