[UNICODE]
ကားဖြည်းဖြည်းမောင်းတာအပြင်
ညနေစာလည်း အရင်သွားစားခဲ့သေးသည်မို့
Yoongiနှင့် Jimin နှစ်ယောက်သား
သူတို့နေတဲ့ တိုက်ခန်းရှေ့ကို
ရောက်တဲ့အချိန်မှာ အတော်မိုးချုပ်နေခဲ့ပြီ။ထုံးစံအတိုင်း သူ့တိုက်ခန်းတံခါးဆီကို
ဦးတည် သွားနေတဲ့ Jimin ကို
Yoongi လှမ်းဆွဲလိုက်ရင်း သူ့အခန်းဆီခေါ်လာခဲ့လိုက်သည်။**Yoongi hyung ဘာလို့လဲ **
**ဘာလို့အဲ့အခန်းသွားမှာလဲ ... လူလည်းမရှိဘဲ. ... **
**လူမရှိဘူး???.. Seokjin hyung ကဘယ်ရောက်သွားလို့လဲ **
**ဘယ်သွားလဲတော့မသိဘူးလေ မင်းအိမ်ပြန်သွားထဲကပျောက်နေတာ ပဲ **
**ဒါဆိုလည်း Yoongiနဲ့ပဲနေရမှာပေါ့**
**အင်း**
Yoongiနောက်ကနေ လိုက်ဝင်လာရင်း
Jimin ရဲ့အတွေးရထားကြီးကတော့
သူ့အကို ပျောက်နေတဲ့အကြောင်းဆီသို့..ဒီရက်ပိုင်းမှာ သူ
ရည်းစားထားတဲ့ဆီပဲအာရုံရောက်နေလို့
Seokjin Hyungနဲ့
အဆက်အသွယ်မလုပ်ဖြစ်ခဲ့ဘူးအိမ်ပြန်မလာတာကြာပြီတဲ့လား
မဟုတ်မှလွဲရော
လူကုန်ကူးတဲ့သူတွေ ဖမ်းသွားတာခံရ..
ရုပ်ချောလို့ဆိုပြီး တရုတ်သူဌေးမကြီးတွေဆီ
ရောင်းစားခံလိုက်ရတာများလား ...ဒါမှမဟုတ်....
Seokjin Hyung ကအရမ်းအစားပုပ်တယ်ဆိုပြီး
ဦးလေးနဲ့ဒေါ်လေး က
မကျွေးနိုင်တော့လို့ ဟန်မြစ်ထဲ
ပစ်ထုတ်လိုက်ပြီလားငါ့ရဲ့ Hyungလေး အေးစက်တဲ့ဒီရာသီဥတုကြား
ဟန်မြစ်အလယ်မှာ ယက်ကန်ယက်ကန် ဖြစ်နေရှာပြီလား..... သနားလိုက်တာ...မဟုတ်လောက်ပါဘူး
ဦးလေးက သူဌေးပဲဟာကို...အဲ့လိုပစ်ချခံရတယ်ဆိုရင်တောင်
Namjoon Hyungကတော့
လိုက်ဆယ်လောက်ပါတယ်...ထားလိုက်တော့
နောက်မှပဲ ဖုန်းဆက်မေးပါတော့မယ်လေ ..ကားမောင်းလို့ညောင်းပြီးပင်ပန်းလာတဲ့
ကျွန်တော့်ရည်းစားလေးကို
မအိပ်ခင်သွားနှိပ်ပေးလိုက်ဦးမယ်....
YOU ARE READING
One Bite of Food Blogger Boyfriends [ YM & NJ ] ✅
FanfictionHow to get a foodie boyfriend ?? #Yoonmin # Namjin