[Unicode]
Yoongiရောက်လာတာကို
မသိကြသေးဘဲ
Park သားအဖသုံးယောက်ရဲ့
ရန်ပွဲကတော့ တဖြည်းဖြည်း
အရှိန်ပြင်းထန်လာနေဆဲ... ။**တိတ်စမ်း Park Jimin .. ငါခုပဲ သတို့သမီး ဘက်ကို အိမ်မှာညနေစာစားဖို့ဖိတ်ပစ်မယ်**
**Appa သာ တိတ်လိုက်ပါနော် ခေါ်ကြည့်လိုက်လေ... သူတို့အိမ်ထဲတစ်လှမ်းလှမ်းလိုက်... ကျွန်တော်က သူတို့သမီးကိုမယူဘူး... ယောကျ်ား ပဲ ယူမှာပါ ဆိုပြီး တစ်ရပ်ကွက်လုံး ကြားအောင်အော်ပစ်မှာ .ပါဆို... အားးးးးးးးးးးးးးး**
**ဒီကောင်စုတ်လေးတော့.. **
**Appa .. သား ဓားရှာလာခဲ့မယ် ... ကိုကြီးကို တခါထဲ ကတုံးသာတုံးပစ်လိုက်တော့ **
**Yah!! Park Jihyun တိတ်စမ်း ငါကတုံးမတုံးဘူး ကတုံးနဲ့လည်းငါကဆက်ချောနေဦးမှာဆိုပေမဲ့... Yoongi ဆီပဲသွားမှာ.... တောင်ပေါ်မသွားဘူးလို့**
ဆူညံနေသောအခြေအနေမှာပင်
Mama Park ဘေးနားတွင်ရပ်နေသော
Yoongiကို အရင်ဆုံး သတိထားမိသွားသူက Jiminပင်..**Yoongi!!!!**
ဆူပုတ်နေတဲ့မျက်နှာနှင့်
တစ်လောကလုံးမှာ ငါကြိုက်တာလုပ်မယ်ဆိုသော
မျက်နှာထားနှင့် Park Jimin သည်
ချက်ချင်း ပြောင်းလဲကာ
မူကြိုမှာ မုန့်လုစားခံရသောကလေးလေး
အားကိုး တွေ့သွားသလိုပင်
လှစ်ခနဲ ပြေးထွက်သွားရင်း
သူ့ချစ်သူနားရောက်သွားသည်။**ဘာလဲ Min Yoongi ဘယ်ကရောက်လာတာလဲ.... omma ဒီကောင်ကို ဘာလို့ဝင်ခွင့်ပေးရလဲ **
**Yah!!Park Jihyun ဘာဒီကောင်လဲ. မင်းအကိုကြီးငါ့ ထက်တောင်နှစ်နှစ်ကြီးတာ... အကိုကြီး လို့ယဥ်ယဥ်ကျေးကျေးခေါ် .. ယောက်ဖလို့ခေါ်လည်းရတယ်**
Yoongi ရောက်လာသည်ကို
Jihyun တစ်ယောက်ပဲ မကြိုက်တာမဟုတ်...
Jimin အနားက Yoongi ကိုမြင်လိုက်ရတော့
Papa Park လည်း မျက်မှောင်ကုတ် ကာ
အလိုမကျသလိုကြည့်နေသည်။Park လူကြီးမင်းတစ်ယောက်
တခုခုပြောဖို့ပြင်လိုက်ပေမဲ့
ဘေးနားကိုရောက်လာပြီး
မျက်နှာရိပ်ပြ တားလိုက်တဲ့ ဇနီးသည်ကြောင့်
နောက်ဆုံးတော့ဘာမှမပြောလိုက်နိုင်။
YOU ARE READING
One Bite of Food Blogger Boyfriends [ YM & NJ ] ✅
FanfictionHow to get a foodie boyfriend ?? #Yoonmin # Namjin