Chapter - 17 Trick Me

4.3K 465 2
                                    

[Zawgyi]

နှာခေါင်းထဲကို အနံ့တစ်ခုဝင်လာတယ်။
ဒါ.... ပေါင်မုန့်မီးကင်နံ့ပဲ.... ။
မျက်လုံးဖွင့်ကြည့်တော့... မျက်နှာကြက်မှာ ညဘက်ဆိုမီးလင်းလောက်မယ့် ကြယ်လေးတွေ လခြမ်းပုံလေးတွေ ကပ်ထားတယ်။
ချစ်ဖို့ ​ကောင်းတယ်.... ဒါပေမယ့်
ဆိုတာ့ကာ..ဒါ....သူ့ အိမ်မဟုတ်ဘူးပေါ့!!!!!!

ရှောင်းကျန့် အိပ်ရာက​နေ ငေါက်ကနဲ ထလိုက်တယ်။
ဘယ်ရောက်နေတာလဲ... ပြတင်းပေါက်က မှန်အမည်းတွေအရ.... ဒါရိပေါ့်အိမ်များလား?
ဘယ်လိုလုပ် ရိပေါ့်အိမ်ရောက်နေတာလဲ!
အိပ်ခန်းထဲကထွက်ပြီး တည့်တည့်လှေခါးက ပြေးဆင်းလာတယ်။

အောက်ထပ်ထမင်းစားခန်းမှာ မားအရွယ် ဖြူဖြူသန့်သန့်အမျိုးသမီးတစ်ဦးက ကလေးထမင်းခွံ့ရင်း မော့ကြည့်လာတယ်။

"နိုးပြီလား သား? မျက်နှာသစ်ပြီးရင် breakfastလာစားလေ.... အန်တီပြင် ထားတယ်။
ဒါမှမဟုတ် ရိပေါ် ရေချိုးပြီးထွက်လာမှ တူတူစားကြပေါ့..."

"ရိပေါ့်အမေလား အန်တီ"

"အင်း" သူမက ပြုံးရင်းဖြေတယ်။

"မင်္ဂလာပါအန်တီ။ ကျွန်​တော် ​ရှောင်းကျန့် ပါ။
တွေ့ ရတာဝမ်းသာပါတယ်။ အခုမှ နှုတ်ဆက်ရတာ စိတ်မရှိပါနဲ့။ ကျွန်တော် ညက အစောကြီး အိပ်ပျော်သွားလို့ပါ... ဟီး"

"အင်း ညကရိပေါ်ပြောတယ်။ သူ့ သူငယ်ချင်း ရောက်နေတယ်တဲ့။ထူးထူးဆန်းဆန်း ရိပေါ်က ဘယ်သူ့ကိုမှ အိမ်မခေါ်လာဖူးဘူး။
အန်တီလည်း ညက ခွဲခန်းဝင်နေရတာနဲ့ တော်တော်နောက်ကျမှပြန်ရောက်တာ။ ဘေဘေးလေးဟ... အာ..."

ရှောင်းကျန့် ထမင်းခွံ့ နေတဲ့ သူမတို့ နှစ်ယောက်ကို ကြည့်ရင်း လိုက်ပြုံးမိပါတယ်။ ချစ်ဖို့ကောင်းတဲ့ဒီခလေးလေး... သူတောင်မြင်မြင်ချင်းချစ်တာ။ ဝမ်ရိပေါ်ဆိုဘယ်လောက်ချစ်ရှာမလဲ။ ဝမ်းနည်းရပေမယ့်လို့ပေါ့။

"ကလေးက ဘယ်နှနှစ်ရှိပြီလဲအန်တီ"

"သူ့ အဖိုးအဖွားတွေပြောတာတော့ ရှေ့လမှ နှစ်နှစ်ပြည့်မှာတဲ့..."

"ဟင်...?"

"ပြောရင်းဆိုရင်း လာပြီပဲ...."
ဘဲလ်တီးသံကြားလို့ ရိပေါ့်အမေက ထပြီး တံခါးသွားဖွင့်တယ်။
"ဘေဘေးက ညကလမ်းလျှောက်ပြီး ပြန်လာတော့ အရမ်းအိပ်ချင်နေလို့ ရိပေါ်က ဒီမှာပဲသိပ်လိုက်တာ..."

YOU LIGHT UP MY LIFEWhere stories live. Discover now