Chapter - 3 Little Boy

6.4K 563 3
                                    

[Zawgyi]
ဒီချုံချင်းမြို့ကမဟုတ်ဘူး.....ရှောင်းကျန့်က
ပေကျင်းကနေခဏလာတာ။ ဖွားဖွား(ရှောင်းကျန့်မားရဲ့မား)ဆီကို။ Christmasပိတ်ရက်ရလို့ မားက ဖွားဖွားဆီမရောက်တာကြာပြီဆိုလို့ ။ မားကအမြဲခရီးသွားနေရတယ်။ ပေကျင်းရုပ်သံဌာနရဲ့နိုင်ငံခြားသတင်းထောက်လေ။
အခုလည်းချုံချင်းကို ရှောင်းကျန့်တစ်ယောက်တည်းအရင်ရောက်နေတာ။ မားက Hong Kongကနေတန်းလာမှာ။ Christmasနေ့မတိုင်ခင်တော့ရောက်မယ်လို့ပြောတာပဲ။

ရှောင်းကျန့်လဲဒီပိတ်ရက်လေးပဲအားတော့တာ။ ပေကျင်းပြန်ရောက်ရင် ကျောင်းသွားတက်ဖို့ပြင်ဆင်ရတော့မယ်။ အထက်တန်းပြီးပြီဖြစ်တဲ့ရှောင်းကျန့်က Melbourneမှာ Architecture majorတက်ဖို့လျှောက်ထားတယ်။ ပေကျင်းမှာစာရယ်ကျောင်းရယ်နဲ့ပဲ လုံးပန်းနေခဲ့တဲ့ရှောင်းကျန့်က ဒီရောက်တုန်း အနားယူရင်း လုပ်ချင်တာတွေလျှောက်လုပ်ပစ်မယ်။

ဟုတ်တယ်....စက်ဘီး!
ဖွားခြံထဲစရောက်တဲ့နေ့က သွားမြင်တာစက်ဘီးပဲ။
ရှောင်းကျန့်ကစက်ဘီးမစီးတတ်ဘူး။ သင်လဲမသင်ဖူးဘူး..ဒီအရွယ်ထိပဲ။ ပေကျင်းမှာမိဘကအလုပ်များ သူကလဲစာနဲ့ အားတဲ့အချိန်လဲဂိမ်းဆော့တာပဲရှိတာ။ စက်ဘီးနဲ့မထိဖူးဘူး။ အခုဒီစက်ဘီးက အဖွားရဲ့တူ ဦးလေးချန်ရဲ့ ဈေးသွားရင်သုံးတဲ့စက်ဘီး။ လေးကလေး မြင့်ကမြင့်နဲ့ ခုမှစသင်တဲ့ရှောင်းကျန့်အတွက်လွယ်ကူမနေဘူး။

စစီးတဲ့နေ့က ခြံရှေ့ကမြောင်းထဲပြုတ်ကျပြီးလက်ကျိုးမလိုဖြစ်လို့ အဖွားကစက်ဘီးစီးခွင့်ပိတ်လိုက်တယ်။ အဖွားကခုထိ ရှောင်းကျန့်ကိုကလေးလိုမြင်တုန်းပဲ။ စီးခွင့်ပိတ်လိုက်လို့ မစီးတတ်လို့တော့မဖြစ်ဘူး။
တက္ကသိုလ်ကျောင်းဝင်းထဲ စက်ဘီးလေးနင်းပြီး သွားတက်ချင်သေးတယ်။ အဲတော့ အဖွားလစ်တဲ့အချိန် စက်ဘီး​ပြေးခွတော့တာပဲ။

အဖွားက မနက်ဆို ဘုရားကျောင်းသွားတက်ပြီး ဈေးဝင်လေ့ရှိတာမို့ အိမ်မှာမရှိဘူး။ ဒါရှောင်းကျန့်အတွက်အခွင့်ကောင်းပဲ။ စက်ဘီးနင်းကျင့်ရမယ်။ ခိုးထွက်တဲ့ပထမဆုံးရက်တင် ဓာတ်တိုင်ကိုဝင်တိုက်မိလို့ ပြန်ရောက်တော့ ခြေထောက်ကနာနေတယ်။ အဖွားသတိမထားမိလို့တော်သေးတယ်။ နောက်နေ့တွေလဲအဲလိုခိုးထွက်စီးတာပဲ။

YOU LIGHT UP MY LIFEDonde viven las historias. Descúbrelo ahora