Chapter - 14 Wanna Pause

4.3K 464 1
                                    

[Zawgyi]

အိမ်ပြန်တဲ့တစ်လမ်းလုံး ကားပေါ်မှာတိတ်ဆိတ်နေတာဆိုတာ တရားရိပ်သာရောက်နေတယ်တောင်မှတ် ရတယ်။ ဒီကောင်လေးဆိုသည်မှာ သူသီချင်းဆိုတာသာမကြားဖူးရင် စကားမပြောတတ်ဘူးလို့ ​တောင်ထင်ရမယ်။ ကားစတီယာတိုင်ကိုဆုပ်ကိုင်ရင်း ရှောင်းကျန့်တံတွေးမျိုချလိုက်တယ်။ စကားစဖို့လုပ်ရမယ်......

"ရိပေါ်က ဘယ်နှနှစ်ရှိပြီလဲ"
စပြောတဲ့ စကားက နည်းနည်းကြောင်တောင်တောင်နိုင်တယ်။

"ကောထက်တော့ ငယ်မယ်ထင်တယ်။ ကောက ၂၆နှစ်ရှိပြီ။"

"၁၉ပြည့်တော့မှာ"

"အင်း...."

ဘာဆက်ပြောရမလဲ! တိတ်ဆိတ်သွားပြန်ပြီ။
ကောင်လေးကပြတင်းပေါက်ကိုပဲ ငေးနေတယ်။
အရင်ကအကြောင်းကို ပြောစရာမေးစရာတွေ အများကြီးရှိပေမယ့် ဒီကောင်လေးက မမှတ်မိဘူးဆိုမှတော့ ရှောင်းကျန့်ဒါတွေပြောပြပြီး ဘာလုပ်ရတော့မှာလဲ။ ဒါပေမယ့်ဟိုးအရင်တုန်းကလိုပဲ ဒီကောင်လေးကိုသူစိတ်မဆိုးပါဘူး။ အဲ့တုန်းက အရမ်းငယ်သေးတော့ မမှတ်မိတာမထူးဆန်းပါဘူး။
သူကသာ တစ်ယောက်တည်း တစ်ဖက်သတ်တွေဖြစ်နေခဲ့တာထင်ပါရဲ့.....။

ကားကအကြာကြီးမမောင်းလိုက်ရဘူး။ ၁၅မိနစ်လောက်နဲ့တင်ရောက်ပြီ။
"သြော်... ဒီနားမှာနေတာလား။ ကောအိမ်ကလဲဟိုဘက်ရပ်ကွက်တင်။"

"အင်း"

ဘာပြောပြော အင်းပဲအင်းနေတော့တာပဲ။
ရိပေါ့်အိမ်ရှေ့ကို ကားဆိုက်တော့... ဒီအိမ်ကိုရှောင်းကျန့်မှတ်မိပါတယ်။ ဟုတ်တယ် သိပြီ!!

"ရိပေါ် ငယ်ငယ်ကတည်းက ဒီမှာနေတာလား"

"အင်း"

နီးနီးလေးနဲ့ ဝေးနေခဲ့တာပဲ!

"လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ်
ရှောင်းကျန့်ကော။ ကောင်းကောင်းပြန်ပါ  "

"ဟို.... ရိပေါ်... ကောတို့ ခင်လို့ရမလား"

အေး! ကြိုက်မရှက် ငိုက်မရှက်ဆိုတာဒါမျိုးထင်တယ်။ ရှောင်းကျန့်မင်းတော့ထပ်သွားပြန်ပြီ။

"ကောဆိုလိုတာကလေ စောနက programမှာ တို့တွေ contactတွေ လဲရတယ်မလား။ အဲဒါ ရိပေါ့် ဆီကို ကိစ္စရှိရင် ဆက်သွယ်လို့ရမလား အဲဒါမေးတာ။"

YOU LIGHT UP MY LIFEDonde viven las historias. Descúbrelo ahora