Chapter - 25 Meant To Be

4.4K 499 22
                                    

[Zawgyi]

ရှောင်းကျန့် အခုတလော ကုမ္ပဏီအလုပ်အပြင် အလုပ်တစ်ခုပါထပ်တိုးနေတယ်။ အနားရတဲ့ အချိန်ရယ် ရုံးဆင်းချိန်ရယ်ဆို အသစ်ဝယ်ထားတဲ့ ခြံလေးနဲ့ တစ်ထပ်တိုက်လေးကို ပြေးပြေးပြင်နေရတာ......။ အဲဒီအိမ်​လေးအကြောင်း ရိပေါ့်ကိုတော့မပြောပြရသေးဘူး။

ဒီအိမ်လေးက ဇီရွမ်းညီနဲ့game companyကိစ္စပြောပြီးကတည်းက တန်းဝယ်လိုက်တာ။
ရိပေါ့်ကိုခေါ်ပြီးနေလို့ရအောင်။ အခုရှောင်းကျန့်နေတဲ့တိုက်ခန်းက မားအိမ်မို့လို့
တစ်ချိန်ကျရင် ရိပေါ်နဲ့ တူတူဘဝတစ်ခုထူထောင်ရင် အိမ်လေးတစ်လုံးဝယ်ဖို့​တွေးထားပေမယ့် အခုက
နည်းနည်းစောဝယ်ဖြစ်သွားတာပေါ့၊၊

ရိပေါ်သူ့ဆီလာတုန်းက အိပ်ခန်း​လေးထဲမှာပဲ မနက်တွေနေ့လည်တွေ နေခိုင်းထားရတာ သူတကယ်စိတ်မကောင်းဘူး။ လုံခြုံအောင်ဆိုပေမယ့် အိပ်ခန်းထဲမှာပဲ ဘယ်သူကကြာကြာ​နေချင်မလဲ...သူသိတာပေါ့။
အဲ့တိုက်ခန်းကို ရိပေါ့်အိမ်လို အကုန်မှန်အမည်းတွေလိုက်တပ်ဖို့ကလည်း မလွယ်ဘူး.... တိုက်ခန်းဆိုတော့....ပတ်ဝန်းကျင်ကလည်းရှိ​သေးတယ်။ စိတ်တိုင်းကျပြုပြင်လို့မရဘူး။

အခုက ကိုယ့်ခြံဝင်းနဲ့ ကိုယ့်အိမ်ပဲဆိုတော့ စိတ်ကြိုက်ပြင်ဆင်လို့ရပြီ။ လောလောဆယ်​တော့ အိမ်ထဲကို နေမရောက်အောင် တစ်အိမ်လုံးက ပြတင်းပေါက်တွေ တံခါးတွေပြုပြင်မှုက ဦးစားပေးပဲ။ တစ်အိမ်လုံးနေ​ရောင်မဝင်အောင် လုပ်ထားရင် ရိပေါ် အိမ်ထဲမှာ စိတ်ကြိုက်သွားလာ နေလို့ရပြီ။

အကယ်၍ ရိပေါ်က ဒီအိမ်ပုံစံကိုမကြိုက်ရင်လည်း နောက်မှဖြည်းဖြည်းချင်း ပြင်ဆောက်ပေးသွားမယ်။
အခုအိမ်လေးရဲ့ အတွင်းဘက်နံရံ​တွေကို အစိမ်းနုရောင်လေးသုတ်ထားတယ်။ သူ့ကောင်လေးက အစိမ်းရောင်ကြိုက်တယ်။ သူတို့နှစ်ယောက်အိပ်ခန်းရဲ့ မျက်နှာကြက်မှာ​တော့ အနုမြူကြယ်ပုံ လခြမ်းပုံလေးကပ်ထားမယ်......ရိပေါ့်အိပ်ခန်းထဲကလိုမျိုး။

ရိပေါ့်ကိုလည်း အလုပ်ခန်းလုပ်ပေးရမယ်.... game companyမှာ စလုပ်တော့မှာဆိုတော့​လေ။ အခန်းကျယ်ကျယ်တစ်ခုမှာပဲ....
နှစ်ယောက်လုံးရဲ့ အလုပ်ခန်းနှစ်ခုထားမယ်။ အလယ်မှာ မှန်အကြည် တစ်ချပ်ပဲခြားထားမယ်။

YOU LIGHT UP MY LIFETempat cerita menjadi hidup. Temukan sekarang