Chapter - 18 Lasting Letter

4.4K 455 12
                                    

[Zawgyi]

မနက်က ရှောင်းကျန့် ရုတ်တရက်ပြန်သွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မားကမမေးပါဘူး။
ရိပေါ်မပြောပြပေမယ့် မားက ကိစ္စတိုင်းကိုသိနေတဲ့သူလိုပါပဲ။
မားအလုပ်နားရက်ဖြစ်လို့
ဘေဘေးကိုကြည့်ပေးမှာမို့
ညနေစောင်းမှာ ရိပေါ်က​နော ကျဲကျဲဆိုင်ကို သီချင်းဆိုဖို့ သွားပါမယ်။

ဂီတာကိုလွယ်ပြီး လျှောက်လာတဲ့ လမ်းတစ်လျှောက်မှာ အတွေးတွေဟာ ပျံ့ လွင့်လို့ နေပါတယ်။ ရုတ်တရက် ဖုန်းတစ်ခုဝင်လာလို့ ကောက်ကိုင်လိုက်ပါတယ်။ ဖုန်းခေါ်သူဟာ ရိပေါ်သွားနေကျဘုရားကျောင်းရဲ့ ဖာသာပဲဖြစ်ပါတယ်။

ဖာသာက ဒီနေ့မှာ ဘုရားကျောင်းရဲ့ စတိုခန်းကိုရှင်းလင်းပြီး တချို့ပရိဘောဂတွေနဲ့ တူရိယာတွေကို တောရွာဘက်ကလိုအပ်တဲ့ ဘုရားကျောင်းငယ်လေးတွေကို မနက်ဖြန်ပို့ပေးမှာဖြစ်လို့...
ရိပေါ်ဆီက အကူအညီလိုလို့ပါ။ တူရိယာ ပစ္စည်းတွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ရိပေါ်ကို ဘယ်အရာတွေက အသုံးပြုလို့ရသေးတယ်... ဘယ်ဟာတွေက မရတော့ဘူးဆိုတာ လာစစ်ဆေးပေးစေချင်လို့ ပဲဖြစ်ပါတယ်။
အဲတော့ ရိပေါ်က ဆိုင်ကပြန်ရင် အိမ်မပြန်သေးဘဲ ဘုရားကျောင်းသွားရပါဦးမယ်။

ဖုန်းပြောပီး ဆိုင်နားမရောက်ခင်မှာပဲ ရင်းနှီးနေတဲ့ကားတစ်စီးကိုလှမ်းတွေ့မိပါတယ်။
ခြေလှမ်းတွေမရွေ့ မိဘဲ ဆိုင်ရှေ့က ကားကိုပဲလှမ်းကြည့်နေမိတယ်။
တစ်ခဏကြာတဲ့တော့ မနေ့က Marketမှာ ကောနဲ့ အတူတွေ့ခဲ့တဲ့ အမျိုးသမီးဟာ ကျဲကျဲဆိုင်ကမုန့်ထုပ်တွေပိုက်ရင်း ပျော်ရွှင်စွာနဲ့ ကားပေါ်တက်သွားပါတော့တယ်။

ကားမောင်းတဲ့သူနေရာမှာကတော့ ဘယ်သူလဲမေးစရာမလိုတဲ့ သူ့ရဲ့ကောပါပဲ။
မနေ့က ကောဟာ သူ့ကို သူမနဲ့ မိတ်မဆက်ပေးခဲ့သလို သူကလဲ ထိုအမျိုးသမီးဟာ ယန်လီဆိုတာကလွဲလို့ ဘာမှမသိခဲ့ရပါဘူး။
အဲ့ဒီအပြင် ဘာမှထပ်မသိချင်ပါဘူးလို့ငြင်းရင် လိမ်ပြောရာရောက်ပါမယ်။

-------------------------------------------------------

ဆိုင်ထဲကိုရောက်တာနဲ့ ဖေးရန်ကျဲက လာပြီလားဆိုတဲ့အကြည့်နဲ့ လှမ်းနှုတ်ဆက်တယ်။

YOU LIGHT UP MY LIFEWhere stories live. Discover now