[Zawgyi]
" Dr.လီနဲ့  Mr.ဝမ်! နှစ်ယောက်လုံးဒီလို နေ့မအိပ် ညမအိပ် နေနေရင် လူနာမနိုးလာခင် ခင်ဗျားတို့အရင် လဲသွားလိမ့်မယ်။ သူနာပြုဆရာမတွေဆီမှာ
ကလေးကိုစောင့်ပေးဖို့ ကျွန်တော်ပြောပေးမှာမို့လို့ Mr.ဝမ်တို့ ပြန်နားကြပါဦး"ဆေးရုံရဲ့သီးသန့်ခန်းတစ်ခုမှာ ရိပေါ်သတိမရသေးတာ တစ်ပတ်ပြည့်တော့မယ်။ ရိပေါ်ရဲ့ပါးရောမားရော အနားကမခွာဘဲစောင့်နေလို့ လူနာ လာကြည့်တဲ့ဆေးရုံအုပ်ကတောင် ပြန်နားဖို့ပြောနေရတယ်။
"ဟုတ်ကဲ့ဆေးရုံအုပ်။ ကျွန်တော်တို့ပြန်မှာပါ။
လာကြည့်ရှုပေးတာရော စိတ်ပူပေးတာအတွက် တကယ်ကျေးဇူးတင်ပါတယ်။"
ဆေးရုံအုပ်ကို အခန်းအပြင်လိုက်ပို့ရင်းMr.ဝမ်ကျေးဇူးတင်ကြောင်းပြောလိုက်တယ်။
အခန်းထဲပြန်ဝင်လာတော့ ရိပေါ်ခုတင်ဘေးမှာထိုင်နေရင်း မျက်ရည်တွေကျနေတဲ့ရိပေါ့်အမေ....." ရိပေါ် ...ကျွန်မတို့ ရိပေါ်ပြန်နိုးလာမှာပါနော်။ အခုလိုဖြစ်ရတာ ကျွန်မကြောင့်ပါ။"
Mr.ဝမ် သူ့ဇနီးရဲ့ ပုခုံးနှစ်ခုကို ကိုင်ပြီး သူ့ဘက်ဆွဲလှည့်ရင်း....
"လီလီ ကိုယ့်ကိုကြည့်! သားဖြစ်တာကလီလီ့ကြောင့်မဟုတ်ဘူး ဘယ်သူ့ကြောင့်မှမဟုတ်ဘူး"
"ကျွန်မ... ကျွန်မသာ တံခါးပြန်ပိတ်ခဲ့ရင် သားလေးအပြင်ထွက်စရာအကြောင်းရှိမှာမဟုတ်ဘူး။အပြင်မထွက်ရင်ခုလိုဖြစ်မှာမဟုတ်ဘူး။ ကျွန်မကအသုံးမကျတဲ့အမေပါ။"
ရိပေါ်အမေအငိုမရပ်တော့ပါ။ Mr.ဝမ် သူ့ဇနီးကိုသေချာရှင်းပြမှဖြစ်တော့မည်။ လီလီကသူမ ဘာသာထင်နေသလိုမဟုတ်ဘူးဆိုတာ။
"ကိုယ်ပြောပြမယ်လီလီ.... အခုသားဖြစ်သွားတာက အခန့်မသင့်လို့ပါ။ သားက သူ့အခြေအနေကို မသိထားလို့လဲပါတယ်။ နောက်နောင် ကိုယ်တို့က သူ့ကို အပြင်မထွက်ဖို့ ပဲ တားမြစ်တာထက်... ဘာကြောင့်မထွက်ခိုင်းတာရယ် ၊
ထွက်ခဲ့ရင် သူ့အတွက်ဘယ်လိုဖြစ်နိုင်တယ်ဆိုတာရယ် သေချာပြောပြထားရမယ်။ သားက တဖြည်းဖြည်းအသက်ကြီးလာမှာ။ ဒီကိစ္စကို ပေးမသိလို့မရဘူး။ သားက
စိတ်ဓာတ် ကြံ့ ခိုင်တဲ့ကလေးမို့ လို့ နားလည်မှာပါ။
နေရာင်ထိလို့မဖြစ်တာကလွဲလို့ သူကသာမန်လူကောင်းတစ်ယောက်ပဲ။"
ESTÁS LEYENDO
YOU LIGHT UP MY LIFE
FanficLike A Melodrama...! Fan fiction (Xiao Zhan&Wang Yibo) အရမ်းကြိုက်ရတဲ့ နိုင်ငံခြား movieထဲမှ အကြောင်းအရာတစ်ခုကို တည်ပြီးရေးပါတယ်။ ထိုအကြောင်းအရာမှလွဲ၍ ဇာတ်လမ်းဇာတ်အိမ်သည် own storyသာဖြစ်ပါသည်။ အရမ်းကြိုက်ရတ့ဲ နိုင်ငံခြား movieထဲမွ အကြောင်းအရာတစ်ခု...