[Zawgyi]
Chongqing to Beijing
Duration ၂နာရီခွဲကျော်ကြာတဲ့ လေယာဉ်ပေါ်မှာ
ရှောင်းကျန့်ကတော့ ခဏဖြစ်ဖြစ်
အိပ်ပျော်ဖို့ကြိုးစားနေပါတယ်။
ယန်လီကတော့ မဂ္ဂဇင်းဖတ်လျက်ပါ။
မဂ္ဂဇင်းထဲက UVအကြောင်းဆောင်းပါး
ဖတ်နေရင်း ဘေးနားကရှောင်းကျန့်ကို စကားစပါတယ်၊၊"ရှောင်းကျန့်! Sunlight Sensitivity ဆိုတာ
ကြားဖူးလား ""ဘာကိုလဲ! "
"ရုပ်ရှင်ထဲက Vampireတွေလိုလေ။"
"Vampireရှိမရှိလား "
"မဟုတ်ဘူး။ လူ။ လူကိုမှ နေရောင်ခံလို့မဖြစ်တာ..."
"အဲလိုမျိုးရှိလို့လား။ "
"အင်း...ရှိတယ်။
ရိုးရိုးပဲစဉ်းစားကြည့်ဟာ။ ငါတို့ အသားအရေ တွေနေလောင်တတ်တယ်မလား?""အင်း...."
"Sunlight sensitive သမားတွေမှာက ပိုပြီးခံနိုင်ရည်နည်းနေတာ။
ကိုယ်ခံအားနည်းသလိုမျိုး.... နေရောင်ခံနိုင်အားနည်းတာပေါ့။
ဒီ Sunlight Sensitivity ကိုပဲ အမျိုးအစားခွဲကြတယ်။ အဲ့ထဲမှာမှ
Sun allergy, Photophobia, XP ဆိုတဲ့၃ခု အဖြစ်အများဆုံး။ ဖြစ်နိုင်ချေကတော့
လူဦးရေ နှစ်သိန်းခွဲမှာ တစ်ယောက်ပဲ။""အင်း ...."
"ပြီးတော့ နင်သိလား ? ဖေးဖေးမှာလေ မောင်လေးတစ်ယောက်ရှိတယ်။ ပြီးတော့ သူက ငယ်ငယ်ကတည်းက XPရပ်ဝန်းတဲ့။"
"မောင်? မောင်အရင်းလား"
"အရင်းမဟုတ်ဘူးထင်တယ်။
သူပြောတာ တစ်ယောက်တစ်အိမ်လို။ အဲ့ကလေးအိမ်မှာ ငယ်ငယ်တည်းက ပြတင်းပေါက်တွေကို မှန်အမည်း ထူတာတွေပဲတပ်ထားရတယ်တဲ့။ နေဖောက်ဝင်မှာစိုးလို့လေ....""....."
"အစကတော့ အခန့်မသင့်လို့ပဲထင်ကြတာ။ ဒါမယ့် အခြေအနေကသာမာန်မဟုတ်ဘူး။ ကလေးက နေရောင်ခြည်ဓာတ်မတည့်မှုဖြစ်နေတာ။
လူကြီးတွေကမပြောပြထားတော့ တစ်ရက်ကျတော့ ကလေးက နေပူခံမိရော။
အဲ့မှာအခြေအနေပိုဆိုးသွားတာ။""ဟုတ်ပါ့မလား?"
"ဟုတ်တယ်။ တခြား ရောဂါတွေတောင်
ပျောက်ကင်းအောင်ကုရင်ကု... မကုနိုင်ရင် ရောဂါကအဆင့်တက်လာတယ်မလား။
အခုဒီမှာလဲ အဲလိုပဲ။"
VOUS LISEZ
YOU LIGHT UP MY LIFE
FanfictionLike A Melodrama...! Fan fiction (Xiao Zhan&Wang Yibo) အရမ်းကြိုက်ရတဲ့ နိုင်ငံခြား movieထဲမှ အကြောင်းအရာတစ်ခုကို တည်ပြီးရေးပါတယ်။ ထိုအကြောင်းအရာမှလွဲ၍ ဇာတ်လမ်းဇာတ်အိမ်သည် own storyသာဖြစ်ပါသည်။ အရမ်းကြိုက်ရတ့ဲ နိုင်ငံခြား movieထဲမွ အကြောင်းအရာတစ်ခု...