Extra Chapter For February 14 - More Than 3000

4.3K 400 8
                                    

[Zawgyi]

"""""ဘဝမှာ အချစ်ကို စတင်ခံစားဖူးတဲ့အချိန်ဟာ အရမ်းဆန်းကြယ်ပါတယ်...... ဘာအကြောင်းပြချက်ကြောင့် မဟုတ်ဘဲ သူမို့လို့ သဘောကျမိတာမျိုး.....
သူ့ကို မြင်တိုင်း အကြောင်းမဲ့ ပျော်ရွှင်မိတာမျိုး....
ဒါတွေဟာ အချစ်ကိုစတင်ခံစားမိတဲ့ အဦးဆုံးအချိန်ကာလပါ......
ကျွန်တော်တို့မှာ ချစ်ဦးသူဆိုတာရှိတတ်ပါတယ်....
ပိုင်ဆိုင်ရဖို့ သဘောကျတာမဟုတ်ဘဲ
သဘောကျမိလို့ ပိုင်ဆိုင်ချင်ခဲ့မိတဲ့
အချစ်ဦးဆိုတာ........""""""

ဒီဇိုင်းအဖွဲ့ရဲ့ လေယာဉ်က မနက်၈နာရီ ဆိုက်မှာမို့ ရှောင်းကျန့် လေဆိပ်သွားကြိုဖို့ ပြင်နေရတယ်။
သူ့ရဲ့ ဂွမ်းလုံးလေးကတော့ မွေ့ရာအဖြူကြီးကြားမှာ အိပ်ပျော်လို့ကောင်းတုန်း။ တချက်ချက် အိပ်နေရင်း ယောင်တတ်သေး။

ရှောင်းကျန့် မှန်ရှေ့မှာ လေဆိပ်သွားဖို့ အကျီလဲဝတ်ရင်း မှန်ထဲကို သဘောတကျပြုံးမိတယ်။ ဝါဂွမ်းလုံးအိပ်နေတာကို မှန်ထဲက မြင်ရတယ်လေ။

ဝါဂွမ်းလုံးအိမ်မှာရှိတုန်း ရှောင်းကျန့်သိလိုက်ရတာက....
ဝါဂွမ်းလုံးက အိပ်ရင် ငြိမ်ငြိမ်မအိပ်ဘူး။ သွားကလဲကြိတ်တယ်...ကလေးလိုပဲ။ အိပ်ပျော်နေရင်း နည်းနည်း ကန်ကျောက်တတ် တွန်းတတ်တယ်။

ဟိုနေ့ညကဆို ရှောင်းကျန့်တခြားဘက်လှည့်အိပ်နေတုန်း ဝါဂွမ်းလုံးကလဲ အိပ်နေရင်း ရှောင်းကျန့်ဘက်လှည့်လိုက်တော့ ရှောင်းကျန့်တင်ပါးကို ဒူးနဲ့ပိတ်တိုက်လိုက်မိတာ။
ရှောင်းကျန့်ခမျာ အိပ်နေရင်း ဖင်ပိတ်ကန်ခံလိုက်ရသလို လန့်ပါနိုးရော။

ပြင်ဆင်ပြီး ခုတင်ဘေးက ဖုန်းယူပြီးထွက်တော့မလို့ပဲ။ အိပ်ပျော်နေတဲ့ကောင်လေးက အိပ်မက်မက်ပြီး ဘာတွေသဘောကျနေလဲမသိဘူး။ အိပ်နေရင်း ပြုံးနေတာ။ ရှောင်းကျန့်က နိုးများနိုးနေလားလို့ သေချာကြည့်လိုက်သေးတယ်။ မဟုတ်ဘူး! အိပ်နေတုန်းဟ!

ပြုံးလိုက်ရင် အသည်းပုံနှုတ်ခမ်းနဲ့ ဒီကောင်လေးက သိပ်ချစ်မွှေးပါတယ်။ ရှောင်းကျန့်စတွေ့တုန်းကတောင် မြင်မြင်ချင်း ရင်ထဲရောက်သွားတာသာကြည့်။
မပြုံးမရီ ရုပ်တည်နဲ့ ဆိုရင်လည်း တမျိုးကြည့်ကောင်းနေပြန်ရော။ နေပါဦး.......သူ့ကောင်လေးက ကြည့်မကောင်းတဲ့ အချိန်ရောရှိသေးရဲ့လား!

YOU LIGHT UP MY LIFEDove le storie prendono vita. Scoprilo ora