Ep-1

830 61 3
                                    


NamJoonတယောက်ကော်ဖီခွက်ကိုကိုင်လျက် ပြတင်းပေါက်ကနေဆိုးလ်မြို့ကြီးကိုငေးကြည့်‌နေရင်းအတွေးတွေက ဟိုအရင်ကအတိတ်ကိုရောက်သွားတယ်။ဘယ်နှစ်ခါတွေးတွေးမရိုးနိုင်တဲ့အဖြစ်အပျက်တွေပေါ့။တစ်ချို့အချိန်တွေဟာအလွန်ပျော်စရာကောင်းခဲ့ပေမဲ့ တစ်ချို့အ‌ေကြာင်းအရာတွေဟာခါးသီးပြီး ဝမ်းနည်းစရာကောင်းလွန်းတယ်။ကောင်‌ေလးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့.....

"SeokJin nah..."
"nae!!"
"မေမေနဲ့အပြင်သွားရအောင် လိုက်မယ်မလား"
"Nae"

အသက်သုံးဆယ်အရွယ် ကိုယ်ဝန်နှင့်အမျိုးသမီးကသူ၏ဘေးရှိ‌သံုးနှစ်အရွယ်အသားခပ်ဖြူဖြူနှင့်ကောင်လေးအားပြောနေခြင်း

"မေမေ သားကျောင်းတက်ရမှာလားဟင်"
"ဒါပေါ့ သားရဲ့ သူငယ်ချင်းတွေအများကြီးနဲ့ပျော်စရာကြီးလေ တက်မယ်မလား"
"ဟုတ်"

Shine အဆင့်ြမင့်မူကြိုသို့ ထိုသူတို့နှစ်ယောက်ဝင်သွားသည်။

"ဆရာမ ဆော့ဂျင်ကိုအပ်ပါတယ်နော်"
"ဟုတ်ကဲ့ပါ ကောင်းကောင်းသွားပါ"

"ဆော့ဂျင်လေး မေမေသွားတော့မယ်နော်ဆရာမစကားကိုနားထောင် ည‌ေနကျလာကြိုမယ်နော်"

"အွန်း တာ့တာနော်"
ဆော့ဂျင်အားနှုတ်ဆက်ပြီးနောက်ထိုအမျိုးသမီးလည်းထွက်သွားသည်။

ရုတ်ချည်းစူပုတ်သွားသည့်ဆော့ဂျင်၏မျက်နှာမှခုဏကနှင့်မတူ ...
ဆရာမခေါ်သွားသည့်နောက်ကိုဘာမှမပြောဘဲပါသွားလေသည်။‌ေပးထားသည့်နေရာမှာသာထိုင်ပြီးငြိမ်နေဆဲ ဆော့ဂျင်ဆီသို့ဘောလုံးလတလုံးလိမ့်လို့လာသည်။
ဆော့ဂျင်ထိုဘောလုံးအားကောက်ပြီးဘေးကိုကြည့်လိုက်တော့ကောင်လေးတစ်ယောက်

"အာညော် ငါ့ကိုဘောပြန်ပေးပါလား"
"အင်း ရော့"
ဆော့ဂျင်ပြောပီးဘောလုံးကိုပြန်ပေးလိုက်တယ်
"ကျေးဇူး ငါကဆောအင်းဂုပါ မင်းကရော?"
"ငါက,လီဆော့ဂျင်"
"ငါတို့သူငယ်ချင်းလုပ်ရအောင်"
"အင်း"

သိုနှင့်အချိန်ကြာလာတော့ပို၍ခင်တယ်လာကြသည်

တစ်နှစ်ခန့်ကြာသော်
"အင်ဂု ရား ငါ ဆိုးလ်ကိုသွားရမယ်တဲ့"
"ဟုတ်လား ငါတို့ခွဲရတော့မှာပေါ့ ပြန်လာခဲ့‌ေနာ်"
"အင်း"

Just Like a Story ✓✓Where stories live. Discover now