Ep 8

374 47 4
                                    


Unicode

အချိန်တွေတဖြည်းဖြည်းကုန်လွန်ခဲ့လေပြီး
ဆော့ဂျင်တို့လဲ ဆိုးလ်ကိုပြန်လာခဲ့သည်..

တစ်နှစ်ဆိုတဲ့အချိန်ကိုသူဘယ်လောက်တောင်သည်းခံ အောင့်အီးနေခဲ့ရတယ်ဆိုတာသူအသိဆုံး ..
ခရီးပန်းလာတယ်ဆိုပြီး တစ်ရေးတစ်မောနားပြီးမှ နမ်ဂျွန်းဆီကိုသူသွားမယ်လို့ထင်သလား .. မနားဘူး ပစ္စည်းတွေချ ရေချိုးအဝတ်လဲပြီးတာနဲ့သူတန်းသွားမှာ .. နမ်ဂျွန်းလဲသူ့ကိုလွမ်းနေမှာပါနော် ..

သူတွေးထားတဲ့အတိုင်းဘဲ သူရေချိုးပြီးတာနဲ့ အပြင်သွားဖို့လုပ်တော့သည် .. သူ့အမေက

"နေပါအုံး .. အခုမှပြန်ရောက်တာကိုနင်ဘယ်ကိုသွားအုံးမလို့လဲ"

"ကျွန်တော်ချိန်းထားတာရှိတယ်"

"ဘာတွေများအရေးကြီးနေလို့လဲ နင့်ဟာက .. မသွားနဲ့ အိမ်မှာနေ ငါအနီးနားကအိမ်တွေကို လက်ဆောင်ပါလာတာတွေလိုက်ပေးအုံးမယ် အိမ်က‌လူတွေအိပ်နေကြတာမို့ နင်အိမ်စောင့်ပြီးကျန်ခဲ့ ငါပြန်လာမှသွား ကြားလား"

သူ့အမေကတော့ ပြောချင်ရာပြောပြီး ထွက်သွားလေပြီ..
ဆော့ဂျင်ကတော့ စိတ်ပျက်လက်ပျက်နဲ့  ဧည့်ခန်းထဲကထိုင်ခုံမှာသာ ထိုင်နေလိုက်သည်..

သူပြန်ရောက်နေတာကိုပြောဖို့အတွက် နမ်ဂျွန်းဆီသို့ ဖုန်းခေါ်လိုက်ပြီး ..

"ဟယ်လို နမ်ဂျွန်း"

"ဟမ် ..  ဆော့ဂျင်မဟုတ်လား  .. ဆော့ဂျင် ပြန်မလာသေးဘူး‌လား"

"ငါ   အခု  ပြန်ရောက်နေပြီ "

နမ်ဂျွန်းဝမ်းသာလုံးပင်ဆို့သွားရသည် .. နောက်ဆုံးတော့သူတို့ တွေ့ရတော့မယ် ချစ်တဲ့အကြောင်းလဲပြောပြနိုင်တော့မယ် ..

"တကယ်‌ပြောတာလားဆော့ဂျင် .. ငါမင်းကိုအရမ်းသတိရနေတာ ငါတို့တွေ့ရအောင်လေ"

"အင်း ငါညနေကျရင်မင်းဆီလာခဲ့မယ် အခု အိမ်စောင့်ပေးနေရလို့"

"အာ ဟုတ်သားဘဲ မင်းခရီးပန်းနေအုံးမှာ နားလိုက်လေ မနက်ဖြန်မှအေးဆေးတွေ့ကြတာပေါ့"

Just Like a Story ✓✓Where stories live. Discover now