Ep 10 -finale-

727 72 0
                                    

Unicode

ဆေးရုံပြတင်းကနေအပြင်ကိုသူငေးကြည့်ရင်း

"ဘယ်လိုလုပ်ရမလဲ ဒီအတိုင်းနေရမှာလား ဒါမှမဟုတ် ရှေ့ဆက်တိုးရမှာလား"

"မင်းသာပျောက်ကွယ်သွားကြည့်လေ ဒါဆိုအဆင်ပြေမယ်မထင်ဘူးလား"

ဆော့ဂျင် သူ့ရဲ့အနောက်ကထွက်လာတဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့ မှန်ထဲကသူရဲ့ပုံရိပ် ..

ဆော့ဂျင်ထိုင်ရာကနေထလိုက်ပြီး

"မင်း မင်းကဘယ်သူလဲ"

"ငါလား ငါကလဲမင်းဘဲပေါ့ .. အင်းး အတိအကျပြောရရင် လီဆော့ဂျင်မဟုတ်တော့တဲ့ အသစ် ဂင်ဆော့ဂျင်ပေါ့ ဘာဘဲပြောပြော မင်းကငါ ငါကလဲမင်းလေ"

"မဟုတ်ဘူး ငါဘာတွေ‌မြင်နေရတာလဲ မဟုတ်ဘူး"

"ဟုတ်တယ် မင်းငါ့ကို‌မြင်နေရတာလေ .. ဒါနဲ့ ပြောရအုံးမယ် မင်းကနမ်ဂျွန်းကိုချစ်နေတာ ဟုတ်တယ်ဟုတ် ဒါပေမဲ့ညီအကိုမို့မဖြစ်နိုင်ဘူး .. ဟော မင်းရဲ့ညီ လီထယ်ယောင်းကမင်းကို ညီအကိုထက်ပိုပြီးချစ်တာ .. သူပြောမထွက်ခဲ့ဘူး .. မင်းလဲသိတယ်မလား "

"ထယ် .. ထယ်ယောင်း .."

"ဒါပေါ့ ထယ်ယောင်း .. သူကမင်းကိုချစ်နေတာ မင်းလဲသိခဲ့တာဘဲမဟုတ်လား မသိချင်ယောင်ဆောင် လျစ်လျူရှုခဲ့ပြီး အခုတော့မင်းကပြန်ပြီးခံရတဲ့အလှည့်ပေါ့
အခုဘဲကြည့်လေ ညီအကိုဆိုတဲ့စည်းကြောင့် မင်းကခံစားနေရပြီ ထယ်ယောင်းကိုအားမနာဘူးလား"

"ဘာတွေလဲ ! မဟုတ်တာတွေလာပြောမနေနဲ့  ထယ်ယောင်းကညီအကိုလိုချစ်တာ ငါကသူ့ကိုမသိချင်ယောင်ဆောင်တာလဲမဟုတ်ဘူး သူ့ကိုမုန်းတာ!"

ဆော့ဂျင် ထိုင်ချလိုက်ပြီး နားနှစ်ဖက်ကိုပိတ်ကာအော်လိုက်မိသည် ..

"မင်းအခုသိပ်ခံစားနေရတာမဟုတ်ဘူးလား မင်းရဲ့ခံစားချက်ကိုအဆုံးသတ်သွားအောင် မင်းပျောက်ကွယ်သွားမလား ဒီမှာကြည့် ပြတင်းပေါက် မင်းခုန်ချလိုက်လို့ရတယ်လေ ဒါဆိုမင်းခံစားနေရတာလဲပျောက်မယ် ဘလိုလဲ"

‌ဆော့ဂျင်ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်တော့ ‌လေအဝှေ့ကြောင့်ရွေ့လျားသွားတဲ့ ကန့်လန့်ကာအဖြူလေး .. အပြင်ကိုလှမ်းမြင်နေရတဲ့တိမ်တွေ .. ထိုပြတင်းနားကိုသူလျှောက်သွားတော့ တိုက်ခတ်နေတဲ့ လေပြင်း‌ကြောင့် သူ့ကိုယ်ထဲစိမ့်ကနဲ ..

Just Like a Story ✓✓Where stories live. Discover now