Unicode >>
ဒီနေ့ကလက်ထပ်ပွဲနေ့ ..
သူဧည့်သည်တွေကိုကူပြီးဧည့်ခံပေးရင်း ခန်းမထဲလျှောက်ပြီးကြည့်နေခဲ့တယ် ..မကြာခင်မှာဘဲ ဝင်လာခဲ့တဲ့မိသားစုတစ်ခုကိုသူလှမ်းမြင်လိုက်ရတယ် ..
ဟိုဆော့တို့မိသားစုဖြစ်နေသည်လေ ..သူက ဟိုဆော့တို့ဝိုင်းမှာ အစားအသောက်ပွဲတွေကိုပြင်ဆင်ပေးစဉ်
ဟိုဆော့ရဲ့အမေဖြစ်သူက .."သား ဆော့ဂျင်လား .."
"ဟုတ်ပါတယ် အန်တီ"
"အမလေး မတွေ့ရတာကြာတော့ချောလာလိုက်တာသားက "
"ဟုတ် ကျေးဇူးပါ"
"ဒါနဲ့ ဟိုတစ်ယောက်ကရော သား"
လက်နှစ်ဖက်ကိုနောက်ပစ်ပြီ ခန်းမထဲမှာပတ်သွားနေတဲ့ ထယ်ယောင်းကိုမေးငေါ့ရင်းပြောတော့ ..
"ဪ သားရဲ့ညီ ထယ်ယောင်းပါ"
"သူလဲအချောလေးဘဲ .. ညီအကိုနှစ်ယောက်လုံး ချောကြတာ "
"ဟုတ် ကျေးဇူးတင်ပါတယ် ကောင်းကောင်းသုံးဆောင်ပါ"
စကားစဖြတ်ရင်း သူထွက်လာလိုက်သည် .. အန်တီကအရင်လို စကားများတုန်းဘဲ ..
"ဟျောင်း .. ခုနငလူတွေကဘယ်သူလဲ"
ထယ်ယောင်းကဘေးနားရောက်လာပြီးမေးသည်..
" ငါ့ငယ်ငယ်ကအသိ မင်းမသိပါဘူး သွားစမ်းပါ"
"ဟွန်း ဒါလေးမေးတာကို သွားမယ် "
ထယ်ယောင်းထွက်သွားပြီးနောက်သူလဲခန်းမထဲကထွက်ခဲ့သည်..
ခန်းမအပြင်ကထိုင်ခုံင်ခုံတစ်ခုမှာသူထိုင်နေလိုက်သည် .. ခန်းမထဲမှာလူများတော့ သူအသက်ရှူကြပ်တယ်လေ .."ဆော့ဂျင်.."
အနောက်ကခေါ်သံကြောင့်သူလှည့်ကြည့်လိုက်တော့ ဟိုဆော့ ..
"ဪ ဟိုဆော့ .."
"အင်း .. မင်းအခုတလောအဆင်ပြေလား "
"အဆင်ပြေပါတယ် မင်းရော ရီးစားတွေဘာတွေရနေပီလား"
"ငါလဲအဆင်ပြေပါတယ် ... ဟို .. ဆော့ဂျင် ငါ့မှာကောင်လေးရှိနေပြီ "
YOU ARE READING
Just Like a Story ✓✓
Fanfictionငါတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်း... အားလုံးဟာပုံပြင်လိုပါပဲ.... ငါတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်း... အားလုံးဟာပုံပြင်လိုပါပဲ.... casts-Kim NamJoon,Kim SeokJin,Min YoonGi,Jung Hoseok,Park Jimin,Kim TaeHyung,Jeon JungKook main-Kim Seok Jin *fanfiction* *...