Ep 6

374 54 2
                                    

Unicode

"ဆော့ဂျင်!!"

ရေချိုးခန်းထဲကထွက်လာတော့ ရေစိုနေတဲ့ကိုယ်ကြောင့်ချော်လဲမလိုဖြစ်သွားတဲ့ဆော့ဂျင်ကိုနမ်ဂျွန်းအပြေးလာပြီး ထိန်းပေးလိုက်သည်။

ခါးကနေထိန်းထားပေးတော့ နမ်ဂျွန်းကသူ့အပေါ်ကနေ  ကိုယ်ကိုကိုင်းပြီးကြည့်နေသည်က အလွန်ပင်ရင်ခုန်စရာကောင်းလှသည်။ ‌တွေးရင်ကြာနေအုံးမည် လက်တွေ့မှာတော့ ရက်ဘက်ထဲကအကောင်ငယ်က အရှိန်ပြင်းပြင်းလှုပ်ရှားနေလေပြီ။

အလားတူ...နမ်ဂျွန်းမှာလဲ လျော့ရဲရဲဖြစ်နေတဲ့bathrobeသာဝတ်ထားတဲ့ဆော့ဂျင်ရဲ့ရင်ဘက်ဖွေးဖွေး ရေစိုနေတဲ့ဆံနွယ်တွေဟာ ဆော့ဂျင်ရဲ့မျက်နှာနဲ့လိုက်ဖက်စွာပင် ဆွဲဆောင်မှုရှိလွန်းတယ်  ‌ဆော့ဂျင်ရဲ့ဆွဲဆောင်မှုရှိတဲ့ပုံစံကြောင့် သူ့နှလုံးသားလေးလဲ တဒုန်းဒုန်းလှုပ်ခတ်နေပြီလေ...

အတန်ကြာအောင် ‌တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်နေခဲ့ကြပြီး ဆော့ဂျင်က အသိပြန်ဝင်လာပြီး မျက်နှာလွှဲလိုက်မှ နမ်ဂျွန်းလဲဆော့ဂျင်ကို လွှတ်ပေးလိုက်သည်။
အချင်းချင်း ရှက်ကိုးရှက်ကန်းဖြစ်နေတာမကောင်းတာကြောင့် နမ်ဂျွန်းက

"ဆော့ဂျင်..မင်းဘာမှမဖြစ်လိုက်ဘူးမလား ငါထိန်းပေးလို့ပေါ့ တော်သေးတယ်"

"အင်း ကျေးဇူးဘဲ ငါအဝတ်လဲလိုက်တော့မယ် မင်းလဲရေချိုးလေ"

"ဪ...အေး"

နမ်ဂျွန်းရေချိုးခန်းထဲဝင်သွားမှသူလဲ သက်ပြင်းချနိုင်တော့သည်။ နီးနီးကပ်ကပ်နေဘူးပေမဲ့ အခုက သူ့အပေါ်ဘလိုခံစားချက်ထားနေတာကိုယ်သာအသိဆုံးမို့ သတိလွတ်ရင် ဘာလုပ်မိမယ်မှန်း မသိဘူးလေ.. သူငယ်ချင်းအဖြစ်ကနေတော့ ရပ်စဲမသွားချင်တာကြောင့် အနေအထိုင်ဆင်ခြင်ရမည်လေ...

......................~~~~~......................

"ဖိုက်တင်း ဆော့ဂျင်နား!"

အတန်းအရှေ့ကနေလှမ်းအော်နေတဲ့ အင်းဂုကို သူကြည့်လိုက်ပြီး ဖိုက်တင်းဟု ပြန်ပြောလိုက်သည်။
ဟုတ်ပါတယ် ဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့ဖြစ်တဲ့အလျှောက် စိတ်အေးတဲ့သူကအေး ပူတဲ့သူကပူနဲ့ ကျောင်းသားတွေဂဏာမငြိမ်ကြ.. သူသည်လဲ ထိုကျောင်းသားတွေထဲမှာအပါအဝင်ဘဲလေ..စိတ်ပူနေတယ် စိတ်အေးနေတယ် သေချာမသိပေမဲ့ အရမ်းတော့ စိတ်ထဲမရှိပါဘူး ပေါ့ပေါ့ပါးပါးဘဲ...

Just Like a Story ✓✓حيث تعيش القصص. اكتشف الآن