Ep-4

367 61 2
                                    


Unicode

"လီဆော့ဂျင်!အဆင့်ကဘာလို့တက်မလာရတာလဲ ပြောစမ်း နင်ဒီလောက်ဝောာင်သုံးစားလို့မရဘူးလား!"

နှစ်ဝက်စာမေးပွဲမှာ အဆင့်16ရဝာာကို သူ့မှာပြောလို့မဆုံးဘူး။အရင်ကစာမေးပွဲတွေတုန်းကလဲ16ဘဲရတာကို ကျမသွားတာမကောင်းဘူးလား အမေတို့ကဘာလို့ဒီလောက်အဆင့်ကိုစိတ်ဝင်စားနေလဲမသိဘူး အဓိကကနှစ်ဆုံးစာမေးပွဲရဲ့အမှတ်တွေလေ။ဒီစာမေးပွဲပိစိလေးကိုအဲ့လောက်ဂရုစိုက်နေစရာလိုလို့လား..?

"ကျောင်းမှာနင်နဲ့အတူထိုက်တဲ့ကောင်လေး ဘယ်သူလဲ NamJoonလား ဘာလား သူ့အဆင့်ကဘယ်‌လောက်လဲ"

"သုံး"

သူခပ်ပြတ်ပြတ်သာပြောလိုက်တယ်

"အေး သူတောင် 1to10 မဟုတ်သေးဘူး 1to5အမြဲဝင်တယ် နင်ကစာတော်တဲ့လူနဲ့အတူထိုင်ပြီး အမှတ်ကဘာလို့မတက်ရတာလဲ"

နေပါအုံး စာတော်တဲ့သူနဲ့အတူထိုင်တာနဲ့ အမှတ်တွေကောင်းပြီး အဆင့်တွေပါတက်လာရောလား?
သူများနဲ့ယှဉ်နေပြန်ပြီ

"သူကသူလေ"

"ဘာကို သူကသူလဲ သူလဲခေါင်းတစ်လုံး ကိုယ်တစ်ခု လက်နှစ်ချောင်းနဲ့ နင်လဲခေါင်းတစ်လုံး ကိုယ်တစ်ခု လက်နှစ်ချောင်း အတူတူဘဲလေ ဘာလို့သူ့လိုအဆင့်တက်ပြီး အမှတ်ကောင်းအောင်မလုပ်ရတာလဲ"

"အဲ့လိုဆိုတိုင်းတူရမှာလား"

"နင်ကလေ မိဘတွေကိုစိတ်ချမ်းသာအောင်မထားဘူး ပင်ပင်ပန်းပန်းအလုပ်လုပ်နေတဲ့မိဘတွေကိုငဲ့ပြီး စာတော်အောင်လုပ်ပါလား"

"နောက်ဆုံးစာမေးပွဲကိုဘဲကြည့်ပါ ရီပို့ကတ်ကိုလက်မှတ်ထိုးလိုက်အုံး နောက်နေ့ကျောင်းသွားရင်ပေးရမှာ"

သူ့အခန်းထဲကိုသာဝင်လာခဲ့လိုက်သည်။တံခါး‌ဖွင့်သံကြားလို့ကြည့်လိုက်တော့TaeHyung..

"ဘာလဲကွာ တံခါးမခေါက်တတ်ဘူးလား လက်မပါတာလား"

"ဟို စာမေးချင်လို့ပါ"

"မင်းရဲ့ဆရာတွေကိုမေးပါလား ငါ့လာမမေးနဲ့ သွား ကျက်သရေမရှိဘူး"

TaeHyungလဲကုတ်ကုတ်ကလေးပြန်ထွက်သွားလေသည် ဆက်နေရင် အဆဲပါခံရအုံးမည်လေ။

Just Like a Story ✓✓Dove le storie prendono vita. Scoprilo ora