Ep-2

524 57 4
                                    

UNICODE

"လီဆော့ဂျင်!!!"

မကျင်းလွန်းမကျယ်လွန်းတဲ့အိမ်ထဲမှာ အမျိုးသမီးတယောက်ရဲ့အသံကဟိန်းပြီးထွက်လာတယ်။

"ဘာလဲ!"
တစ်ဆက်ထဲမှာဘဲ ကောင်လေးတယောက်ရဲ့စိတ်မရှည်စွာပြန်ထူးတဲ့အသံကြားလိုက်ရတယ်။

"နင်ရိုင်းစိုင်းလှချည်လား။ ယဉ်ကျေးအောင်စကားကိုပြော ဗျာလို့မထူးတတ်ဘူးလား ဟမ်!နင်ဘယ်ကစကားတွေတတ်လာတာလဲ ပြောစမ်း‌ ဆော့ဂျင်းး"

အဲ့ဒါပြောဖို့ခေါ်တာလား ?အားနေဆူဖို့ငေါက်ဖို့လောက်ပဲသိတာလား? စိတ်ပျက်ဖို့ကောင်းတယ်

ဒါလဲစိတ်ထဲက‌အပြောပါဘဲ ။ လူကြီးတွေကိုခံမပြောရဘူးတဲ့ ငရဲကျတတ်တယ်တဲ့ အင်း အခုထိလိမ်မာနေပါသေးတယ် ဘာလို့များအဲ့လောက်အမြင်ကတ်နေတာလဲ?

"တော်ပြီ နင့်လိုကလေးမျိုးကပြောနေလဲအပိုပဲ သွားတော့  ဆိုင်မှာ ကော်ဖီထုပ်သွားဝယ်လိုက်စမ်း ရော့ ပိုက်ဆံ"

ဝမ်ငါးရာချပေးပြီးပြောလာတဲ့အမေ။ဆော့ဂျင်လဲထိုပိုက်ဆံကိုယူပြီးအိမ်ထဲကထွက်လာခဲ့လိုက်သည်။

သူဆိုင်ကိုသွားနေရင်း လူတစ်ယောက်နဲ့တွေ့တယ် သူကတစ်ခြားသူမဟုတ် ပထမဆုံးသဘောကျတဲ့သူ

"ဟေး ဆော့ဂျင်!!"

"အင်း ဟိုဆော့ ဘယ်ကိုလဲ"

"ငါ မုန့်သွားဝယ်မလို့ မင်းရော မုန့်ဆိုင်လား"

"ဟုတ်တယ် ငါ့အမေကကော်ဖီဝယ်ခိုင်းလို့ "

"အင်း ငါတို့စာမေးပွဲတောင်နီးပြီနော် "

"ဟုတ်တယ် ဘလိုလဲ ဆရာကြီး စာတွေရပြီလား"

သူ့အပြောကို ဟိုဆော့ကသဘောတကျရယ်မောတယ် သူရယ်လိုက်ရင်တအားလှပြီးချစ်ဖို့ကောင်းတယ် သူ့အသံ သူ့အပြုံး ဒါတွေအားလုံးကသူ့ကိုဆွဲဆောင်နိုင်လွန်းတယ်

"ဟားဟား ဆရာကြီးမဟုတ်ပါဘူး မင်းကငါ့ထက်ပိုတော်တာပါ"

"ကဲပါ ငါလဲ အတော်ကြီးမဟုတ်ပါဘူး သဘက်ခါဆိုစာမေးပွဲကဖြေရတော့မယ် ဒါပြီးရင်ငါတို့အထက်တန်းရောက်ပြီ"

Just Like a Story ✓✓Where stories live. Discover now