Ep-3

462 64 0
                                    

Unicode

"ဟာာ ဟျောင်းအိမ်ပြန်လာပြီလား"

ကျောင်းကနေပြန်လာတဲ့ဆော့ဂျင်ကိုအိမ်ရှေ့ကနေထယ်ဟျောင်းကလှမ်းမေးလိုက်ခြင်းပင်

"မမြင်ဘူးလား"ဟုဆော့ဂျင်ပြောပြီး အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။

ဧည့်ခန်းထဲမှာထိုင်နေတဲ့အမေက

"ညီအကိုနှစ်ယောက်ထဲရှိတာတောင်ကောင်းကောင်းမဆက်ဆံဘူး အဲ့ဒါနင့်ထက်ငယ်တယ်နော် ငါတို့တွေမရှိတော့ရင်ဘလိုလုပ်မလဲ နင်တို့မတည့်ပုံနဲ့"

ဆော့ဂျင်ဘာမှမပြောဘဲ အခန်းထဲသို့သာဝင်လာခဲ့လိုက်တော့သည်။ဒီလိုတွေကြားရတာရိုးနေပြီ ဘယ်တုန်းကမှလဲတည့်ခဲ့တာမဟုတ်ဘဲနဲ့...

ဆော့ဂျင်ရေချိုးရန်အပြင်ထွက်လာတော့ ရေချိုးခန်းရှေ့မှာထယ်ဟျောင်းနဲ့ဆုံသည်။သူလဲရေချိုးမလို့ထင်သည်

"အော် ဟျောင်း အရင်ချိုးလိုက်လေ ကျနော်ကနောက်မှချိုးမယ်"

ဆော့ဂျင်ဘာမှမပြောဘဲ ရေချိုးခန်းထဲသာဝင်သွားလိုက်သည်။ထယ်ဟျောင်းလဲသူ့အခန်းထဲသို့ပြန်ဝင်သွားလိုက်ပြီး

ဟျောင်းကဘာလို့ငါ့ကိုသဘောမကျတာလဲ..ငါကဘာဖြစ်လို့လဲ ငါကဟျောင်းကိုချစ်တယ်လေ ဟျောင်းကငါ့ကိုငယ်ငယ်ထဲကမချစ်ဘူး အနိုင်ကျင့်တာမဟုတ်ပေမဲ့ ဘာပြောပြောလျစ်လျူရှုတယ်။မတုန့်ပြန်ဘူး ပြုံးလဲမပြဘူး ညီလေးလို့လဲမခေါ်ဘူး။ဘယ်ချိန်ထဲကစပြီးမုန်းနေတာလဲ။ငယ်ငယ်တုန်းကငါချော်လဲလို့ဟျောင်းအရိုက်ခံရလို့လား အဲ့တုန်းကငိုနေရင်းနဲ့မျက်လုံနီကြီးနဲ့ငါ့ကိုကြည့်နေခဲ့တာ...ဟျောင်းငါ့ကိုမုန်းနေတာလား...

ဆော့ဂျင်ရေချိုးပြီးပြန်ထွက်လာတော့ အခန်းထဲက
ထယ်ဟျောင်းထွက်လာတာနဲ့တိုးသည်။

"ဟျောင်းပြီးသွားပြီလား"

"အင်း"ဟုပြောပြီးဆော့ဂျင်ထွက်သွားသည်။

ထယ်ဟျောင်းရင်ထဲဒိတ်ကနဲ ဟျောင်းကငါ့ကိုစကားပြန်ပြောတယ်တဲ့ စိတ်တိုနေသလိုမဟုတ်ဘဲ ပုံမှန်လေသံနဲ့ဘဲ အရင်ကခပ်ပြတ်ပြတ်နဲ့ စိတ်တိုနေပြီးဘုဂလန့်ပြောပေမဲ့လေ...သူတကယ်ပျော်သွားသည်။ရေချိုးနေရင်းလဲဆော့ဂျင်အကြောင်းတွေးနေသည်။

Just Like a Story ✓✓Where stories live. Discover now