သူ့အမုန်းနဲ့စတင်သည်(Intro)

1.1K 57 9
                                    


""""""""""""""

ဖိနပ်မစီးထားတဲ့ခြေထောက်က
မြက်ပင်တွေရဲ့အေးစက်တဲ့
အထိအတွေ့ကိုသဘောကျနေတယ်

ငယ်ငယ်ကဆော့ခဲ့ဖူးတာကလွဲရင်
ခြေဗလာနဲ့လမ်းမလျှောက်ရတာကြာပြီ..

ငါတို့ငယ်တုန်းကတော့
ဒီမြက်ခင်းပြင်ကြီးထဲမှာ
ပြေးလွားဆော့ခဲ့ဖူးကြတယ်မလား...

အဲ့ဒီအချိန်တုန်းက
ဖြူစင်မှု ပျော်ရွင်မှုတွေက
ဘယ်ရောက်သွားခဲ့ပါသလဲ...

ငါ မတွေးတတ်တော့ဘူး Kong...

နာကျင်ရလွန်းလို့ ထုံနေပြီလို့
ထင်ခဲ့ပေမယ့်
ပြန်တွေးတိုင်း အဆတိုးနဲ့နာကျင်နေရ
တုန်းပဲ....

ငါတို့နှစ်ယောက်ကြားမှာ
ရှိနေတဲ့အရာတွေက
အချစ်အပြင် အမုန်းတွေရော
ဘာလို့ရောပါနေရတာလဲ....

ငါတို့.....
ရိုးရိုးလေးပဲချစ်လို့မရဘူးလား....
အရာအားလုံးကိုလွတ်ချပြီး
မင်းနဲ့ငါ နှစ်ယောက်ပဲ အတူရှိချင်တာက
ငါ့အတွက်မဖြစ်နိုင်တဲ့
မျော်လင့်ချက်လား....

ငါတို့တစ်ယောက်ကိုတစ်ယောက်
နာကျင်စေတာတွေများခဲ့ပြီ...
ဒါပေမယ့် အဆုံးသတ်ရောက်တိုင်း
ငါ့ကိုအနိုင်ပိုင်းသူက မင်းပါပဲ....

ရူးရူးသွပ်သွပ် အချစ်ကိုဖက်တွယ်ထားရင်း
နဲ့ တခြားသံယောဇဉ်တွေကို
ပစ်ပယ်ထားမိတဲ့ငါ့အတွက်ရခဲ့တာကလည်း ပစ်ပယ်ခံရမှုပါပဲ..

မင်းကြောင့် မင်းချစ်ရသူတစ်ယောက်
သေဆုံးသွားရတဲ့ခံစားချက်မျိုး
မင်းကိုပေးခံစားချင်တယ် Kong...

မင်းနိုင်ချင်တယ်မလား....
ငါ့ကိုအနိုင်ရတိုင်း
မင်းပျော်တယ်မလား...

ငါ့ရဲ့အချစ်တွေကိုမျက်ကွယ်ပြုရဲတဲ့အထိ
မင်း တတ်နိုင်နေပြီဆိုမှတော့...

ငါမရှိခြင်းကိုလည်း
မင်း မေ့သွားနိုင်မှာပါ...

ငါပင်ပန်းနေပြီ Kong ရေ....
မင်းကိုချစ်ရတာ...
မင်းအချစ်တွေကိုသိနေပါလျက်နဲ့
ငါ့ဆီမရောက်လာတာ....

မင်းကမင်းဖြစ်ပြီး
ငါကငါဖြစ်နေသ၍
ငါတို့ပျော်ရွင်နိုင်မှာ မဟုတ်ဘူး လို့
ငါပြောခဲ့ဖူးပါတယ်....

He hate is start (Zawgyi)Where stories live. Discover now