Unicodeဘုရားဖူးလာသော ကားကြီးကားငယ်များ ဆိုက်ရောက်သည်နှင့် ရေလယ်ကျောက်တန်းဘုရား၏ တစ်ဖက်ကမ်းရှိ စျေးသည်များ အပြေးအလွှားရောက်လာကြလေသည်။
"ငါးစာလေးတွေရမယ် ဘုရားပန်းလေးတွေလည်းအားပေးပါဦး အစ်မတို့ရေ"
"ကဲ ကဲ ဘုရားလည်းဖူးရင်း ကုသိုလ်လေးလဲပြုရင်း တစ်ဖက်ကမ်းကငါးလေးတွေကို အစာကျွေးလို့ရတယ်နော်"
ကားပေါ်မှဆင်းလာသော ဘုရားဖူးများကြား ဆယ်ကျော်သက်အရွယ်ကလေးများနှင့်လူလတ်ပိုင်းစျေးသည်များ ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိလေသည်။မွန်းတည့်ချိန်ဖြစ်သောကြောင့်
နေအပူရှိန်က ပူပြင်းလှပေသည်။သို့သော် နေအပူရှိန်ကို အာရုံမထားနိုင် သူ့ထက်ငါရောင်းရရေးသာ ဝမ်းတစ်ထွာအတွက် ရုန်းကုန်နေကြလေသည်။ထိုလူအုပ်ထဲတွင် အသားဖြူဖြူ ဆံပင်ခပ်အုပ်အုပ်နှင့် နဖူးတွင်ချွေးများစို့ကာ အပြေးအလွှားစျေးရောင်းနေရသော ကောင်လေးတစ်ယောက်လည်း တွေ့ရလေသည်။မျက်နှာသွင်ပြင်မှာ စျေးသည်တစ်ယောက်နဲ့မလိုက်ဖက်စွာပင် နုနယ်လှသည်။
ခရီးသည်များ တစ်ဖက်ကမ်းကိုကူးသွားကြသောကြောင့် ကြိတ်ကြိတ်တိုးနေရသော လူအုပ်ကအနည်းငယ်ရှင်းသွားလေသည်။
ထို့နောက် ထိုကောင်လေးသည် လက်ထဲရှိ ပန်းခိုင်များ ပေါက်ပေါက်ဆုပ်အထုပ်များနဲ့ပေါင်မုန်းအထုပ်တွေဆွဲပြီး အနားရှိသစ်ပင်အောက်တွင် အမောဖြေလေသည်။
"ညီလေး လင်းသန့် ဘယ်လိုလဲဒီနေ့ရောင်းကောင်းလားကွ"
နွေလင်းသန့် ခေါ်သံကြား၍ နောက်လှည့်ကြည့်မိသည်။
ဘုရားရင်ပြင်ဘက်မှာ စျေးရောင်းတဲ့ လင်းသန့်ထက်သုံးနှစ်ကြီးသော အစ်ကိုသက်ထွန်း ဖြစ်သည်။ အညာသားမို့အသားညိုညို အရပ်ရှည်ပေသည် လင်းလည်း အခြားကောင်လေးတွေလို အရပ်ရှည်ချင်သည်။ ဒါပေမယ့် လင်းကအမေနဲ့တူတော့ အရပ်က5"4ကမထွက် အသက်18သာဆိုသည် အခုထိကလေးရုပ်မပျောက်သေးသော ကိုယ့်ကိုကိုယ်သာစိတ်ပျက်မိသည်။"မဆိုးပါဘူး အကိုရ အရင်နေ့တွေကထက်တော့ ရောင်းရတယ် အကိုရော ဘယ်လိုလဲ ရောင်းရလား"
BẠN ĐANG ĐỌC
အမုန်းလွန်သော်(m- preg)(Completed)
Lãng mạnလူတစ်ယောက်ကို အမုန်းကြီးမုန်းနေရာကနေ ချစ်ခြင်းတရားဆီ အလွယ်တကူ ကူးပြောင်းသွားနိုင်ပါ့မလား? Main Character-စစ်ဘုန်းနိုင်❤နေွလင်းသန့် Start date>>24-3-20 End date>>>22-9-20 *Male Pregnant* *Not Yizhan*